မြေပုံမြို့နယ်
ငမန်းရိပ်ကျွန်းအုပ်စု၊ လွမ်းလုံးပိုက်ကျေးရွာ၌ ဒုတိယအကြိမ်မြောက် စာပေဟောပြောပွဲကို
နိုဝင်ဘာလ (၂၉)ရက်နေ့က ကျင်းပခဲ့ပါသည်။ စာပေဟောပြောပွဲ၌ စာရေးဆရာ ဦးကျော်ဆန်း (လွမ်းပြေအောင်-စစ်တွေ)မှ
လင်းပြကြယ် စာကြည့်တိုက်အတွက် စာအုပ်စာစောင်များနှင့် အလှူငွေများကို ပေးအပ် လှူဒါန်းခဲ့ပါသည်။
ထို့နောက်တွင် စာရေးဆရာ ဖဒူစံရွှေမှ ရခိုင်ကဗျာများမှ ရသများ အကြောင်းကို လည်းကောင်း၊
စာရေးဆရာ စစ်တွေညိုသန့်မှ ဒဏ္ဍာရီရသနှင့် တေးဂီတ အလင်္ကာများကို လည်းကောင်း၊ စာရေးဆရာ ဗဂျီးကျော်
(စစ်တွေ)မှ ရခိုင်ဝတ္ထုများထဲက ဘဝသင်ခန်းစာကို လည်းကောင်း၊ စာရေးဆရာ ဦးကျော်ဆန်း (လွမ်းပြေအောင်-စစ်တွေ)က
ကမောက်ကမ အတွေးများကို လည်းကောင်း၊ ဟောပြောခဲ့ပါသည်။
No comments:
Post a Comment