Tuesday, December 2, 2014

ပုလောမြို့ အသက်(၂၃)နှစ်အောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဖလား ဘောလုံးပြိုင်ပွဲ

ပုလောမြို့နယ်အတွင်းရှိ တိုင်းရင်းသား မျိုးဆက်သစ် အားကစားသမားများ ပေါ်ပေါက်စေရေး အားကစားကိုအရင်းခံ၍ တိုင်းရင်းသား ညီအစ်ကို မောင်နှမများ ချစ်ကြည်ရင်းနှီးမှု ရရှိစေရေး ရည်ရွယ်၍ ပုလောမြို့နယ် အုပ်ချုပ်ရေးမှူးဖလား အသက်(၂၃)နှစ်အောက် ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို နိုဝင်ဘာလ(၃၀)ရက်နေ့ ညနေက ပုလောမြို့ မြို့မအားကစားကွင်းတွင် ကျင်းပပါသည်။ ရှေးဦးစွာ ဗိုလ်လုပွဲကို ကျင်းပခဲ့ပါသည်။ ထို့နောက် ဆုချီးမြှင့်ပွဲ ကျင်းပရာ အကောင်းဆုံးအားကစား သမားဆု၊ ရှေ့တန်း၊ နောက်တန်း၊ အလယ်တန်းနှင့် ဂိုးအကောင်းဆုံး အားကစားသမားဆုတို့အား ပုလောမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမောင်လှ လည်းကောင်း၊ ဒုတိယဆုရရှိသော အသင်းနှင့် ပထမဆုရရှိသော အသင်းတို့အား အားကစားဝတ်စုံ၊ လည်ဆွဲဆုနှင့် ငွေသားဆုများကို တာဝန်ရှိသူများ လည်းကောင်း  ပေးအပ်ချီးမြှင့်ခဲ့ကြပြီး တိုင်းဒေသကြီး လျှပ်စစ်နှင့် စက်မှုလက်မှု ဝန်ကြီးက ပထမရရှိသော အသင်းအား တံခွန်စိုက်ဆုဖလား ပေးအပ်ချီးမြှင့် ခဲ့ပါသည်။


No comments:

Post a Comment