Tuesday, December 2, 2014

ကချင်ပြည်နယ် ကမ္ဘာ့ခုခံအား ကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ အခမ်းအနား

၂၀၁၄ ခုနှစ် ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ဒီဇင်ဘာလ(၁)ရက်နေ့ နံနက်ပိုင်းတွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့၊ မြို့တော်ခန်းမ၌ ကျင်းပရာ ပြည်နယ် ဝန်ကြီးချုပ်ကိုယ်စား ဘဏ္ဍာရေးဝန်ကြီး ဦးညွန့်အောင်က အမှာစကားပြောကြားပြီး မြစ်ကြီးနားမြို့ မူးယစ်ဆေးစွဲရောဂါကု ဆေးရုံအုပ်ကြီး ဒေါက်တာတင်မောင်ဦးက ခုခံအားကျဆင်းမှု ကူးစက်ရောဂါနှင့် ကာလသားရောဂါ တိုက်ဖျက်ရေးလုပ်ငန်း များနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြား ပါသည်။ အဲဒီနောက် ကမ္ဘာ့ ကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အထက်တန်း၊ အလယ်တန်းအဆင့် စာစီစာကုံး၊ ကာတွန်းပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသား ကျောင်းသူများအား ပြည်နယ်ဘဏ္ဍာရေးဝန်ကြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး လူမှုရေးဝန်ကြီးနှင့် မူးယစ်ဆေးရုံအုပ်ကြီးတို့က ဂုဏ်ပြုဆုများ ချီးမြှင့်ကြပြီး အေအိုင်ဒီအက်စ် ရောဂါဝေဒနာရှင် အမျိုးသမီးတစ်ဦးက ရောဂါကူးစက်ခံရမှုနှင့် စပ်လျဉ်း၍ ၄င်း၏ဘဝ အတွေ့အကြုံများကို ရှင်းလင်းပြောကြား ပါသည်။ ထို့နောက် မြစ်ကြီးနားမြို့နယ်နှင့် ဝိုင်းမော်မြို့နယ်တို့မှ အားမာန်သစ် မိတ်ဆွေများ ကွန်ယက်အဖွဲ့မှ အဖွဲ့ဝင်များက ပညာပေးတေးသရုပ်ဖော် အကများဖြင့် သီဆိုကပြဖျော်ဖြေကြပြီး ပြည်နယ်ဝန်ကြီးများနဲ့ အဖွဲ့ဝင်များသည် အခမ်းအနား အထိမ်းအမှတ် ပြခန်းငယ်ကို ကြည့်ရှု အားပေးကြပါသည်။


No comments:

Post a Comment