ပြည်ထောင်စုလွှတ်တော် နာယက ပြည်သူ့လွှတ်တော်
ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ နယ်သာလန်နိုင်ငံသံအမတ်ကြီး
မစ္စတာယိုအန်ဘူးရှ်အား ဒီဇင်ဘာလ(၂)ရက်နေ့ နံနက်(၁၀)နာရီတွင်
နေပြည်တော်ရှိလွှတ်တော် အဆောက်အအုံ ပြည်သူ့လွှတ်တော် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံပါသည်။ ထိုသို့တွေ့ဆုံရာတွင်
ပြည်ထောင်စုလွှတ်တော် နာယကနှင့်အတူ ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ
လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင် အဖွဲ့ဝင် ဒေါ်အေးအေးမူနှင့် ပြည်သူ့လွှတ်တော်ရုံးမှ
တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။
No comments:
Post a Comment