နိုင်ငံတော်သမ္မတ
ဦးသိန်းစိန်သည် ဗန်ကောက်မြို့ အခြေစိုက် နယ်သာလန်နိုင်ငံ သံအမတ်ကြီး မစ္စတာယိုအန်ဘူးရ်
ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ဒီဇင်ဘာလ (၂) ရက် ညနေ (၄)နာရီတွင် နေပြည်တော်ရှိ
နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံပါသည်။ ထိုသို့တွေ့ဆုံစဉ်
စိုက်ပျိုးရေး၊ မြစ်ကြောင်းထိန်းသိမ်းရေး၊ ရေချိုထိန်းသိမ်းရေး လုပ်ငန်းများနှင့် ရေအရင်းအမြစ်
ထိန်းသိမ်းရေးလုပ်ငန်းများတွင် အကူအညီပေးရေးဆိုင်ရာများ၊ တန်ဖိုးမြှင့် စိုက်ပျိုးရေးထုတ်ကုန်များ၊
ထုတ်လုပ်နိုင်ရေး၊ ရေသယံဇာတ စီမံခန့်ခွဲမှု ပူးပေါင်းဆောင်ရွက်ရေးတို့ကို ရင်းနှီးပွင့်လင်းစွာ
ဆွေးနွေးခဲ့ကြ ပါသည်။ အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီး
ဦးတင်နိုင်သိန်း၊ ဦးဥာဏ်ထွန်းအောင်၊ ဒေါက်တာကံဇော်၊ ဒုတိယဝန်ကြီး ဦးတင်ဦးလွင်နှင့်
တာဝန်ရှိသူများတက်ရောက်ကြပါသည်။
No comments:
Post a Comment