သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဦးလှထွန်းသည် UNDP
၏ မြန်မာနိုင်ငံဆိုင်ရာ Country Director တွိုင်လီကာဗာနော့ဗ် နှင့်အဖွဲ့အား ဒီဇင်ဘာလ(၂)ရက်နေ့ နေ့လယ်(၂)နာရီတွင်
နိုင်ငံတော်သမ္မတရုံး ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံပါသည်။ တွေ့ဆုံရာတွင် ဒေသန္တရ အုပ်ချုပ်ရေးဆိုင်ရာ
လေ့လာရေးလုပ်ငန်း အစီအစဉ်များ Local Governance Mapping နှင့် ၂၀၁၅ ခုနှစ် မြန်မာနိုင်ငံဆိုင်ရာ
ကောင်းမွန်သော အုပ်ချုပ်ရေးဖိုရမ် (2015 Myanmar Good Governance Forum) ကျင်းပရေးနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များကို
အကျယ်တဝင့် ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။
No comments:
Post a Comment