ရှမ်းပြည်နယ်
(မြောက်ပိုင်း) လောက်ကိုင်ဒေသမှ တိုက်ပွဲများကြောင့် ဒေသအသီးသီးသို့ ရောက်ရှိ နေကြသူ
ကျောင်းသား ကျောင်းသူများ မိမိရောက်ရှိရာ ဒေသတွင် အတန်းဆုံး စာမေးပွဲ ဖြေဆိုနိုင်ရေး
အတွက် ပညာရေး ဝန်ကြီးဌာနမှ စီစဉ်ထားရှိပြီး ဖြစ်ရာ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း
(တပ်ကုန်း) တွင် စတုတ္ထတန်း ကျောင်းသား(၁)ဦး၊ အထက(၂) ကော့ကရိတ်တွင် နဝမတန်း ကျောင်းသား
(၁)ဦး၊ အမက (၂၃၁) ကော့ကရိတ်တွင် ပထမတန်း ကျောင်းသား(၁)ဦး၊ အထက (မင်းကုန်း) လှည်းကူးမြို့နယ်တွင်
ဆဋ္ဌမတန်း ကျောင်းသား (၂)ဦးနှင့် ပထမတန်း ကျောင်းသား (၁)ဦးတို့အား စာမေးပွဲ ဖြေဆိုနိုင်ရေး
စီစဉ်ဆောင်ရွက် ပေးထားပြီး ဖြစ်ပါသည်။
No comments:
Post a Comment