Sunday, February 15, 2015

အမေရိကန် (ယူးတား)ပြည်နယ် ဂေါက်ကွင်းတစ်ခုပေါ်သို့ အသေးစား လေယာဉ်တစ်စင်း ပျက်ကျ


ဖေဖော်ဝါရီလ(၁၄)ရက်နေ့က အမေရိကန် (ယူးတား)ပြည်နယ် (လေတန်)ရှိ ဂေါက်ကွင်း တစ်ခုပေါ်သို့ အသေးစား လေယာဉ်တစ်စင်း ပျက်ကျခဲ့မှုကြောင့် လူ(၂)ဦး ဒဏ်ရာရရှိခဲ့ကြောင်း အန်ဘီစီရုပ်သံက သတင်းထုတ်ပြန် ခဲ့ပါသည်။ လေတန်မီးသတ် ဌာနမှကယ်ဆယ်ရေး အဖွဲ့သားများသည် အခင်းဖြစ်ရာကို ရောက်ရှိလာကြပြီး အနည်းငယ် ဒဏ်ရာရရှိသူ လေယာဉ်မှူးကို ပြုစုကုသပေးခဲ့ပြီး ဒဏ်ရာရ ခရီးသည်များကို ဆေးရုံသို့ပို့ဆောင် ပေးခဲ့ပါသည်။ အင်ဂျင်တစ်လုံးတပ် အဌားလေယာဉ်ငယ်ဟာ ဗယ်လေဗျူး ဂေါက်ကွင်းရှိ လေ့ကျင့်ရေး မြက်ခင်းပေါ်ရှိ သဲတွင်းအနီးသို့ မနက်(၁၀)နာရီ (၃၀)မိနစ်တွင် ပျက်ကျခဲ့တာ ဖြစ်ပါသည်။ လေယာဉ်ပျက်ကျ ရတာဟာ စက်ပိုင်းဆိုင်ရာ ချို့ယွင်းမှုကြောင့် မဟုတ်ဘဲ လေယာဉ်မှူး၏ အတွင်းကြောင့် ဖြစ်သည်ဟု ကုမ္ပဏီပိုင်ရှင်က ပြောကြားခဲ့ပါသည်။ လက်ရှိတွင် ဒီလေယာဉ် ပျက်ကျမှုကို ဆက်လက်စုံစမ်း စစ်ဆေးဆဲ ဖြစ်ကြောင်း ဒေသတွင်း မီဒီယာက ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

No comments:

Post a Comment