Sunday, February 22, 2015

နိုင်ငံခြားသံရုံးများမှ သံရုံးအကြီးအကဲများနှင့် မိသားစုများ ကော့သောင်းဒေသသို့ ရောက်ရှိ

နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်ဦးလွင် ဦးဆောင်သော မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံးမှ သံရုံးအကြီးအကဲများနှင့် မိသားစုများသည် ကမ်းရိုးတန်းဒေသဖြစ်သည့် တနသာင်္ရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၊ ပုလဲကျွန်းသို့ ဖေဖော်ဝါရီလ (၂၁)ရက်နေ့တွင် ရောက်ရှိလည်ပတ်ကြရာ ပုလဲရတနာခန်းမဆောင်မှာ မြန်မာ့ပုလဲ ထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူများက ပုလဲကျွန်းသမိုင်း၊ ပုလဲမွေးမြူထုတ်လုပ်မှုလုပ်ငန်း အခြေအနေနှင့် မြန်မာ့ပုလဲ မွေးမြူထုတ်လုပ်တင်ပို့ ရောင်းချမှု အခြေအနေများအား ရှင်းလင်းပြောကြားပါသည်။ ထို့နောက် သံရုံးအကြီးအကဲများက သိလိုတာများအား မေးမြန်းရာ ပုလဲမွေးမြူထုတ်လုပ်ရေးမှ တာဝန်ရှိသူများက ပြန်လည် ရှင်းလင်းပြောကြားခဲ့သည်။

No comments:

Post a Comment