Monday, February 9, 2015

နယ်မြေရှင်းလင်းသည့် တပ်မတော်စစ်ကြောင်းများနှင့် ကိုးကန့် တိမ်းရှောင်အဖွဲ့တို့ တိုက်ပွဲဖြစ်ပွား

နယ်မြေခံပြည်သူလူထု၏ သတင်းပေးချက်အရ တပ်မတော် စစ်ကြောင်းများ က လောက်ကိုင်ဒေသအတွင်း နယ်မြေ ရှင်းလင်းခြင်း များ ဆောင်ရွက်ခဲ့ရာ ဖေဖော်ဝါရီလ (၉) ရက် နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းတို့တွင် လောက်ကိုင်မြို့ အနောက် မြောက် ဘက် ညံခွမ်းကျေးရွာ အရှေ့မြောက်ဘက်တွင် ၂ ကြိမ်၊ လောက်ကိုင်မြို့ အနောက်တောင်ဘက် တောက်ရွှေ ကျေးရွာအနီးတစ်ဝိုက်တွင် ၁ ကြိမ် ကိုးကန့်တိမ်းရှောင်အဖွဲ့မှ အင်အားစုများနှင့် တွေ့ဆုံ တိုက်ပွဲဖြစ်ပွားခဲ့သည်။ ထို့အတူ မော်ထိုက်မြို့အနီး နယ်မြေလုံခြုံရေးဆောင်ရွက်လျက်ရှိသော တပ်မတော် စခန်းအား ကိုးကန့် တိမ်းရှောင် အဖွဲ့မှ အင်အားစုအချို့သည် လက်နက်ငယ်များဖြင့် လာရောက် နှောင့်ယှက်ပစ်ခတ်သဖြင့် ပြန်လည် ပစ်ခတ် ခဲ့ရသည်။ တပ်မတော်အနေဖြင့် ၎င်းဒေသအ တွင်း သောင်းကျန်း သူလက်နက်ကိုင်အဖွဲ့များ အခြေချ နေထိုင်ခြင်းမပြုစေရေးအတွက် နယ်မြေရှင်းလင်း ခြင်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိသည်။ နိုင်ငံတော်အနေဖြင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး အားသွန်ကြိုး ပမ်း ဆောင်ရွက်နေချိန်တွင် ကိုးကန့် တိမ်းရှောင်အဖွဲ့၏ ရည်ရွယ်ချက်ရှိရှိဖြင့် တပ်မတော် စစ်ကြောင်း များအပေါ် နေရာ အနှံ့အပြားမှ နှောင့်ယှက် ပစ်ခတ်ခြင်း၊ ချောင်းမြောင်း တိုက်ခိုက်ခြင်း များကြောင့် တိုက်ပွဲ များ ပြန်လည်ဖြစ်ပွား လာမည်ကို ဒေသခံများ အနေဖြင့် စိုးရိမ်လျက်ရှိကြောင်း သတင်း ရရှိပါသည်။


No comments:

Post a Comment