Monday, February 23, 2015

ရန်ကုန်ဘူတာကြီး ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းလုပ်ငန်းများ ဆောင်ရွက်မည်

ရန်ကုန်ဘူတာကြီး ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ဧရိယာအတွင်းတွင် ရှိနေ သည့် စက်ရုံ၊ အလုပ်ရုံနှင့် အဆောက်အအုံတချို့ကို ပြောင်းရွေ့သွားမည် ဖြစ်ကြောင်း စီမံကိန်းအကောင်အထည် ဖော်ဆောင်ရွက်ရေးကော်မတီက ထုတ်ပြန်ထားကြောင်း သိရပါသည်။ ရန်ကုန်ဘူတာကြီး ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ရန်အတွက် ပြည်တွင်း ပြည်ပအဖွဲ့အစည်းပေါင်း ၂၈ ခုကို တင်ဒါခေါ်ယူခဲ့ပြီး ၎င်းထဲက ကုမ္ပဏီ ၃ ခု သည် တင်ဒါအဆိုပြုလွှာတင်သွင်းထားပြီဖြစ်ကြောင်း သိရပါသည်။ ရန်ကုန်ဘူတာကြီး ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းအတွက် ရန်ကုန်ဘူတာကြီးကို မူလအတိုင်း ထားရှိသွားမည်ဖြစ်ပြီး ကျန်ရှိနေသည့် မီးရထားပိုင်မြေဧကပေါင်း ၆၀ ကျော်၏ အပေါ်တွင် အဆင့်မြင့်အဆောက်အအုံများ၊  လူနေအထပ်မြင့် အဆောက်အအုံ များ၊ ဟိုတယ်များနှင့် ဈေးဝယ်စင်တာများ တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရပါသည်။

No comments:

Post a Comment