Friday, February 20, 2015

မြန်မာနည်းပြတွေ လေ့လာမှုအားနည်းနေသည်ဟု သင်တန်းနည်းပြ ဝေဖန်

မြန်မာနိုင်ငံတွင် အာရှဘောလုံးအဖွဲ့ချုပ် အသိအမှတ်ပြုလက်မှတ်ရ နည်းပြအရေအတွက်သည် ၄၀၀ ကျော်ရှိနေပါသည်။ မြန်မာနေရှင်နယ်လိဂ် ပေါ်ပေါက်လာပြီးနောက်ပိုင်းတွင် မြန်မာနည်းပြများ ကလပ်အသင်းများကို ကိုင်တွယ်ခွင့်ရ လာခဲ့သော်လည်း လက်ရွေးစင်အသင်းနည်းပြရာထူးများတွင် နိုင်ငံခြားသားနည်းပြများက လွှမ်းမိုးထား ဆဲဖြစ်ကြောင်း သိရပါသည်။ မြန်မာနည်းပြများ၏ လေ့လာမှုအားနည်းခြင်းကြောင့် ဖြစ်သည်ဟု အာရှဘောလုံးအဖွဲ့ချုပ် ပြည်တွင်း သင်တန်းနည်းပြဆရာ ဦးဝင်းသူမိုးက ဝေဖန်ခဲ့ကြောင်း သိရပါသည်။  

No comments:

Post a Comment