Sunday, February 22, 2015

ပထမအကြိမ် အမျိုးသားလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂၀)ရက်မြောက်နေ့ ဆက်လက်ကျင်းပ



ပထမအကြိမ် အမျိုးသားလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂၀)ရက်မြောက်နေ့ ဖေဖော်ဝါရီလ(၂၃)ရက် နံနက်(၁၀)နာရီက ကျင်းပရာ အခြေခံပညာကျောင်းများတွင် ကျောင်းအုပ်ကြီးများ နေထိုင်နိုင်ရန် ကျောင်းအဆောက်အအုံအတွင်း အခန်းဖွဲ့၍ဖြစ်စေ၊ သီးခြားအိမ်ဆောက်၍ဖြစ်စေ စီစဉ်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ မရှိ၊ ဝေးလံခေါင်းပါးသော မင်းကင်းမြို့နယ်၊ ပျဉ်ကိုင်းကျေးရွာရှိ အလယ်တန်းကျောင်း(ခွဲ)အား အလယ်တန်းကျောင်းအဆင့်သို့ ပညာရေးဌာနမူဝါဒများကို လျှော့ပေါ့စဉ်းစား အဆင့်တိုးမြှင့်ပေးရန် အစီအစဉ် ရှိ မရှိ၊ ပဲခူးမြို့နယ် လက်ပံခုန်ကျေးရွာအုပ်စုရှိ မြေသားလမ်းကို ဂ၀ံလမ်းအဖြစ် အဆင့်တိုးမြှင့်ပေးရန် အစီအစဉ် ရှိ မရှိ စသည်ဖြင့် မေးခွန်း(၇)ခု မေးမြန်းခဲ့ကြရာ သက်ဆိုင်ရာ ၀န်ကြီးဌာနများမှ ဒုတိယ၀န်ကြီးများက ပြန်လည်ဖြေကြားခဲ့ကြပါသည်။

No comments:

Post a Comment