ပြည်ထောင်စုလွှတ်တော်
နာယက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် မြန်မာနိုင်ငံဆိုင်ရာနော်ဝေနိုင်ငံသံအမတ်ကြီး
(Ann OlneStad) ဦးဆောင်သည့် (Jacobsen Elektro) နော်ဝေ လျှပ်စစ်နည်းပညာကုမ္ပဏီအဖွဲ့အားဖေဖော်ဝါရီလ (၁၈)ရက်
ညနေ(၃)နာရီခွဲတွင် နေပြည်တော်ရှိလွှတ်တော် အဆောက်အအုံ ပြည်သူ့လွှတ်တော် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံပါသည်။
ထိုသို့ တွေ့ဆုံရာတွင် ပြည်ထောင်စုလွှတ်တော် နာယကနှင့်အတူ ပြည်သူ့လွှတ်တော် သယံဇာတနှင့်
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ ဦးလွန်းသီ၊ အတွင်းရေးမှူး ဦးသိန်းလွင်နှင့်
ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများတက်ရောက်ခဲ့ ကြပါသည်။
No comments:
Post a Comment