နေပြည်တော်
ဇမ္ဗူသီရိမြို့နယ် ဘောဂသိဒ္ဓိ ရပ်ကွက်ရှိ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ
ဝန်ကြီးဌာန လူပျို၊ အပျိုဆောင်များတွင် နေထိုင်သည့် အရာထမ်း၊ အမှုထမ်းများ၏ ဝန်ထမ်းအိမ်ရာများကို
ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ဒေါ်သက်သက်ဇင်သည်
ဖေဖော်ဝါရီ (၂၂)ရက်နေ့ မွန်းလွဲပိုင်းမှာ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။ အဲဒီနောက်
ဒုတိယဝန်ကြီးသည် ဝန်ထမ်းအိမ်ရာ၊ တိုက် တာဝန်ခံနှင့် အဆောင်တာဝန်ခံများ တိုက်ခန်းနှင့်
အဆောင်နေ ဝန်ထမ်းများအားလုံးကို တွေ့ဆုံကာ မိသားစုစိတ်ဓာတ်ဖြင့် ဝန်ထမ်းအချင်းချင်း
ပေါင်းစပ်ညှိနှိုင်း၍ ဆောင်ရွက်ရန် ဆွေးနွေး မှာကြားခဲ့ပါသည်။
No comments:
Post a Comment