Sunday, February 22, 2015

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အားကစားဝန်ကြီးဌာန ဒုတိယ၀န်ကြီး မြန်မာယူ-၂၀နှင့် ဖီဂျီယူ-၂၀ အသင်းတို့၏ နိုင်ငံတကာခြေစမ်းပွဲ တတိယပွဲသို့တက်ရောက်




၂၀၁၅ ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲ ၀င်ခွင့်ရရှိထားသော မြန်မာ ယူ-၂၀အသင်းနှင့် ဖီဂျီယူ-၂၀အသင်းတို့၏ နိုင်ငံတကာခြေစမ်းပွဲ တတိယပွဲကို ဖေဖော်ဝါရီ ၂၁ရက် ညနေ ၆နာရီတွင် ရန်ကုန်မြို့၊ သုဝဏ္ဏအားကစားကွင်းတွင် ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ အားကစားဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဦးသောင်းထိုက်၊ တိုင်းဒေသကြီး ၀န်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ နယူးဇီလန်နိုင်ငံ သံအမတ်ကြီး Mr.Bruce Sheperd၊ နိုင်ငံတကာသံရုံးများမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် မြန်မာနေရှင်နယ်လိ ဘောလုံးအသင်းပိုင်ရှင်များ၊ ပြိုင်ပွဲဝင် အားကစားသမားများနှင့် ဒေသခံပြည်သူများ တက်ရောက်အားပေးကြသည်။

No comments:

Post a Comment