ရေနံနှင့်သဘာဝ
ဓာတ်ငွေ့ဈေးများက ဆက်စပ်နေပြီး ကမ္ဘာ့ရေနံဈေး ကျဆင်းလာခြင်းကြောင့် မြန်မာနိုင်ငံမှ
သဘာဝဓာတ်ငွေ့ တင်ပို့ရောင်းချမှု ဝင်ငွေမှာလည်း လျော့နည်းသွားဖွယ် ရှိသည်ဟု သိရပါသည်။
ကမ္ဘာ့ရေနံဈေးသည် ၂၀၁၄ခုနှစ်၊ ဇွန်လမှစတင်ပြီး ရေနံစိမ်းတစ်စည်လျှင် အမေရိကန်ဒေါ်လာ
(၁၀ဝ)ကျော်ရှိနေရာမှ ယခုအခါ အမေရိကန်ဒေါ်လာ (၅၀)အောက်အထိ ထက်ဝက်ကျော်ကျဆင်းနေခြင်း ဖြစ်ပါသည်။
ရေနံစိမ်းဈေးနှုန်းများ ထိုးဆင်းနေချိန်မှာ မြန်မာ့ကမ်းလွန်ရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ကွက်များအတွက်
နိုင်ငံတကာ ကုမ္ပဏီများနှင့် ထုတ်လုပ်မှု ခွဲဝေရေး သဘောတူ စာချုပ်များ လက်မှတ်ရေးထိုးချိန်နှင့်
တိုက်ဆိုင်နေကြောင်း သိရပါသည်။ လက်ရှိအချိန်မှာ ကမ်းလွန်လုပ်ကွက်တွင် နိုင်ငံတကာနှင့်
စာချုပ်ချုပ်ဆိုပြီး ရောင်းချသည့် သဘာဝဓာတ်ငွေ့သိုက် (၄၃)ခုရှိပြီး ၎င်းထဲမှ ရတနာနှင့်ရဲတံခွန်တို့၏
ထွက်ရှိသည့် ဓာတ်ငွေ့ကို ၁၉၉၈ခုနှစ်မှ စတင်ပြီး နှစ်(၃၀) စာချုပ်ဖြင့် ချုပ်ဆိုရောင်းချခဲ့ခြင်း
ဖြစ်သည်ဟုသိရပါသည်။ သဘာဝဓာတ်ငွေ့ ထုတ်လုပ်ရောင်းချသည့်
စာရင်းဇယားအရ သဘာဝဓာတ်ငွေ့ ကုဗပေ သန်း(၂၀ဝ၀)ခန့်ကို ပြည်ပသို့ တင်ပို့ရောင်းချပြီး
ကုဗပေသန်း (၂၀ဝ)ကို ပြည်တွင်းမှာ သုံးစွဲသည်ဟု သိရပါသည်။ သဘာဝဓာတ်ငွေ့ တင်ပို့ရောင်းချမှုသည်
သတင်းတစ်ပတ်လျှင် အမေရိကန်ဒေါ်လာ သန်း (၄၀)ခန့်ရှိပြီး ၂၀၁၅ခုနှစ်ကုန်အထိ ပို့ကုန်ဝင်ငွေအနေနှင့်
သဘာဝဓာတ်ငွေ့က ပို့ကုန်အားလုံးဝင်ငွေ၏ (၄၀.၇)ရာခိုင်နှုန်း ရရှိခဲ့ကြောင်း သိရပါသည်။
No comments:
Post a Comment