Wednesday, February 11, 2015

မိုးလေ၀သနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ အချိန်အခါမဟုတ် မိုးရွာနိုင်မည့် သတိပေးချက်ထုတ်ပြန်




၂၀၁၅ခုနှစ် ဖေဖော်ဝါရီလ ၁၁ရက် မြန်မာစံတော်ချိန် မွန်းလွဲ (၂)နာရီအချိန်တွင် မိုးလေ၀သနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ အချိန်အခါမဟုတ် မိုးရွာနိုင်မည့် သတိပေးချက်ကို ထုတ်ပြန်ပါသည်။ ဖေဖော်ဝါရီလ ၁၁ရက် မြန်မာစံတော်ချိန် မွန်းလွဲ ၁နာရီခွဲအချိန် မိုးလေ၀သတိုင်းထွာချက်များအရ အနောက်ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများ၏ အရှိန်ကြောင့် ယနေ့မွန်းလွဲမှ နောက်(၃)ရက်အတွင်း စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ မန္တလေးတိုင်းဒေကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်ကြား မိုးအနည်းငယ်ရွာနိုင်ပါသည်။

No comments:

Post a Comment