Sunday, February 15, 2015

မြန်မာ့သစ်လုပ်ငန်းမှ သစ်လုံးနှင့် သစ်ခွဲသားတန်ချိန် (၅)သိန်းကျော် အထိရောင်းချပေးရန် ရည်မှန်းထား

မြန်မာ့သစ်လုပ်ငန်းမှ သစ်လုံးဈေးပြိုင်လေလံရောင်းချရမှု ကျပ်ငွေ (၄၇)ဘီလီယံကျော်ရရှိထားကြောင်း သိရပါသည်။  ယခုနှစ် ဇန်န၀ါရီလကုန်အထိ ဈေးပြိုင်လေလံရောင်းချမှုမှ သစ်လုံးနှင့် သစ်ခွဲသားတန်ချိန် တစ်သိန်း လေးသောင်းကျော် အထိရောင်းချခဲ့ရပြီး အများစုကအရည်အသွေးမြင့် ကျွန်းသစ်လုံးနှင့် သစ်မာသစ်လုံးများဖြစ်ပါသည်။ ယခုဘဏ္ဍာနှစ် အတွက် ဇန်န၀ါရီလကုန်အထိရောင်းချရမှုများကို မြင်တွေ့နေရမှာဖြစ်ပါသည်။  ယခုနှစ်အတွက် မြန်မာ့သစ်လုပ်ငန်းမှ တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် သစ်လုံးနှင့် သစ်ခွဲသားတန်ချိန် (၅)သိန်းကျော် အထိရောင်းချပေးရန် ရည်မှန်းထားပြီးအရည်အသွေးမြင့် ကျွန်းနှင့် သစ်မာ၊ သစ်လုံး၊ သစ်ခွဲသားများကို ရန်ကုန်ရုံးနှင့် မန္တလေးရုံးများတွင် အဓိကရောင်းချပေးနေသည်ဟု မြန်မာ့သစ်လုပ်ငန်း၊ ပြည်တွင်းအရောင်းဌာန၏ တာဝန်ရှိသူတစ်ဦးက ပြောဆိုထားကြောင်း သိရပါသည်။

No comments:

Post a Comment