Sunday, February 15, 2015

လုပ်ကိုင်ခွင့်ပြန်လည်ပယ်ဖျက်သည့် ကျောက်မျက် ကုမ္ပဏီများကိုနာမည်ပျက် စာရင်းသွင်းမည်

လုပ်ငန်းလုပ်ကိုင်ခွင့်ရရှိပြီးမှ ပြန်လည်ပယ်ဖျက်သည့် ကျောက်မျက်ရတနာတူးဖော်သည့် ကုမ္ပဏီများကို နာမည်ပျက် စာရင်းသွင်းမည်ဆိုခြင်းနှင့်ပတ်သက်၍ ထိုကဲ့သို့လုပ်ကိုင်ခွင့်များကို (၃)ကြိမ်အထိတင်ပြလာပါက ထိုတင်ပြလာသည့် ကုမ္ပဏီ၏ သက်ဆိုင်ရာ ဒါရိုက်တာ အဖွဲ့ဝင်များအားလုံးကို နာမည်ပျက်စာရင်း တင်သွင်းသွားမည့်အပြင် လုပ်ကိုင်ခွင့် ရရှိထားသည့် လုပ်ကွက်များနှင့် အကျိုးတူလုပ်ကွက်အားလုံးကို ပိတ်သိမ်းသွားမည်ဖြစ်ကြောင်း မြန်မာ့ကျောက်မျက် ရတနာလုပ်ငန်း တာဝန်ရှိသူတစ်ဦးက ပြောဆိုထားကြောင်း သိရပါသည်။ ထို့အပြင် ဒဏ်ရိုက်ခြင်းများလည်းရှိနေပါသည်။ ထိုသို့ပယ်ဖျက်ခွင့် တင်ပြလာသည့် လုပ်ကွက် တစ်ခုချင်းစီကို ထိုကုမ္ပဏီများမှ ပေးသွင်းထားသည့် အာမခံစပေါ်ငွေကို နိုင်ငံတော်ပိုင်အဖြစ် သိမ်းယူသွားမည်ဖြစ်ပြီး ပယ်ဖျက်ခွင့်တင်ထားသည့် လုပ်ကွက်၏ အဆိုပြုငွေ (၂)ရာခိုင်နှုန်းကိုလည်း ဒဏ်ကြေးအဖြစ် ပေးဆောင်ရမှာဖြစ်သည်ဟု သိရပါသည်။ ပထမတစ်ကြိမ်ပယ်ဖျက်ခွင့်တင်ပြမည်ဆိုရင် လုပ်ကွက် လျှောက်ထားခွင့် (၂)နှစ်၊ ဒုတိယအကြိမ် အတွက် (၄)နှစ် ပိတ်ပင်သွားမှာဖြစ်ကြောင်း သိရပါသည်။ 


No comments:

Post a Comment