နိုင်ငံ၏
အမေဇုံ သစ်တောကို အဆိုးဝါးဆုံး ထိခိုက်ဖျက်ဆီးခဲ့သူကို ဖမ်းဆီးလိုက်ပြီ ဖြစ်ကြောင်း
ဘရာဇီးလ် အာဏာပိုင်များက ဖေဖော်ဝါရီလ(၂၃)ရက်နေ့က ပြောကြားခဲ့ပါသည်။ အန်တိုနီယို ကတ်စ်တန်ဟာဆိုသူသည်
အမေဇုံသစ်တောအတွင်းက စတုရန်းကီလိုမီတာ ထောင်ကျော်အတွင်းရှိ သစ်ပင်ပေါင်းများစွာကို
တရားမဝင် ခုတ်လှဲဖျက်ဆီးခဲ့ကာ ၄င်းကို ရဲတပ်ဖွဲ့မှ (၆)လကြာ လိုက်လံရှာဖွေခဲ့ရာတွင်
ပါရာပြည်နယ် မြောက်ပိုင်းတွင် ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါသည်။ သဘာဝပတ်ဝန်းကျင် ပျက်စီးရမှုသည်
တန်ဖိုးအားဖြင့် ဒေါ်လာသန်းပေါင်းများစွာ ထိ ရှိခဲ့ပါသည်။ ၄င်းတို့သည် တောများကို ရှင်းလင်းခဲ့သည့်
အပြင် ပေါ်ထွက်လာသည့် မြေများကိုလည်း အကွက်ချ ရောင်းစားခဲ့ကြပြီး ဒေါ်လာ(၆.၉၅)သန်းဖိုး
အထိ ဖြစ်ပါသည်။ အန်တိုနီယို ကတ်စ်တန်သည် အနေနှင့် ငွေကြေးခဝါချမှုနှင့် တရားမဝင် အချက်အလက်များ
ကိုင်ဆောင် အသုံးပြုမှုများနှင့်လည်း တရားစွဲဆိုခံရဖွယ်ရှိနေပါသည်။ မနှစ်က တစ်နှစ်ထဲတွင်တင်
ကတ်စ်တန်ဟာနှင့် အပေါင်းအပါများ၏ အမေဇုံသစ်တောအား ဖျက်ဆီးခဲ့မှုတွင် စတုရန်းကီလိုမီတာ
(၁၅၀)အထိရှိခဲ့ကြောင်း သိရှိရပါသည်။
No comments:
Post a Comment