Monday, February 9, 2015

မြန်မာနိုင်ငံ သစ်တောကဏ္ဍတွင် ပုဂ္ဂလိကကို သစ်တောစိုက်ခင်းများ လုပ်ကိုင်ခွင့်ပြု

မြန်မာနိုင်ငံ သစ်တောကဏ္ဍတွင် ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှု အနေနှင့် ပုဂ္ဂလိက သစ်တောစိုက်ခင်းများ တည်ထောင် လုပ်ကိုင်နိုင်ရန်အတွက် သစ်တောဦးစီးဌာနမှ တိုင်းဒေသကြီး (၆)ခုတွင် ရှိသည့်သစ်တော မြေဧရိယာ (၉)သောင်းနီးပါးကို လုပ်ကိုင်ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သိရပါသည်။ ၎င်းလုပ်ကိုင်ရန်အတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၏ စီမံခန့်ခွဲမှုလက်အောက်တွင်ရှိသည့် သစ်တောမြေများကို နှစ်(၃၀)အစား နှစ်ရှည် စာချုပ်နှင့် ငှားရမ်းလုပ်ကိုင်ရမည် ဖြစ်ကြောင်း သိရပါသည်။ ၎င်းသစ်တောစိုက်ခင်း ထူထောင်ခြင်းလုပ်ငန်းများ အတွက် ဗန်းမော်၊ ထီးချိုင့်၊ တမူး၊ ဒိုက်ဦး၊ ပဲခူး၊ ကျောက်တံခါး၊ တနင်္သာရီ၊ တာချီလိတ်၊ ပုသိမ်၊ သာပေါင်း၊ ငပုတောနှင့် လေးမျက်နှာမြို့နယ်များတွင်ရှိသည့် လုပ်ကွက်များကို ခွင့်ပြုပေးခဲ့ခြင်းဖြစ်ပြီး ၎င်းလုပ်ကိုင်ခွင့် ပေးခဲ့သည့်နေရာတွင် ပထမဆုံးအနေနှင့် နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူများ ပါဝင်လာခြင်းလည်း ဖြစ်ကြောင်း သိရပါသည်။



No comments:

Post a Comment