Wednesday, February 11, 2015

ပထမအကြိမ်ဆိုလာအသုံးချ လျှပ်စစ်စွမ်းအင်စနစ်အခြေခံသင်တန်းဖွင့်လှစ်



မြန်မာနိုင်ငံတွင် လျှပ်စစ်မီးမရရှိသေးသည့် (၇၀)ရာခိုင်နှုန်းသော ကျေးလက်နေဒေသများတွင် ဖယောင်းတိုင်၊ ရေနံဆီ၊ ဆိုလာ၊ မီးစက်တို့နှင့် သင့်လျော်သလို အသုံးပြုသည့်အထဲတွင် ၂၀၁၀နောက်ပိုင်းက စပြီး အစိုးရပိုင်းနှင့်ပြည်သူတို့က ဆိုလာကို တွင်တွင်ကျယ်ကျယ်အသုံးပြုလာသည့်အတွက် ဆိုလာဈေးကွက် ကျယ်ပြန့်လာကြောင်း သိရပါသည်။ အရည်အသွေးကောင်းမွန်သည့် ဆိုလာပြားနှင့် အရည်အသွေးမမှီသည့် ဆိုလာပြားကို ခွဲခြားနိုင်ရန် ဆိုလာပြား၏မျက်နှာပြင်ပေါ်က ဆဲလ်ကွက်အစိတ်အကြဲကို ကြည့်ကာ ခွဲခြားနိုင်သလို ဈေးနှုန်းပိုင်းအရလည်း သိသာစွာ ကွာဟမှုရှိကြောင်း သိရပါသည်။ အာမခံပေးမှု အနေအထားကလည်း ဆိုလာပြား၏ အရည်အသွေးပိုင်းကို ခွဲခြားနိုင်ပြီး အသုံးပြုချိန်တစ်နှစ်ကျော်တွင် အလင်းစုပ်ယူနိုင်မှုအားက သိသာစွာကွာဟသွားကြောင်း ရောင်းချသူ အသိုင်းအဝိုင်းက သိရပါသည်။ အသုံးပြုသူများနှင့် ရောင်းချသူအပိုင်းတွင် နည်းပညာအားနည်းချက်များ ရှိနေသည့်အတွက် မြန်မာဆိုလာပါဝါကုမ္ပဏီလီမိတက်က ဦးဆောင်ပြီး ဆိုလာအသုံးချ လျှပ်စစ်စွမ်းအင်စနစ် အခြေခံသင်တန်းကို ပထမအကြိမ်အဖြစ် ၁၇-၁-၂၀၁၅မှ ၁၅-၂-၂၀၁၅ထိ သင်တန်းချိန် တစ်ပတ်နှစ်ရက်၊ သင်တန်းကြေး တစ်သောင်းကျပ်နှင့် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းခန်းမမှာ ဖွင့်လှစ်သင်ကြားပေးလျက် ရှိပါသည်။ သုံးစွဲသူများ အနေနှင့် မိမိအသုံးပြုလိုသည့်ပစ္စည်းများကို သေချာစိစစ်ပြီး ဝပ်အားကို ရွေးချယ်ဝယ်ယူရမည် ဖြစ်ကာ သတ်မှတ်ထားသည့် အသုံးပြုချိန်ထက်ကျော်လွန်သုံးစွဲခဲ့ပါက ဘတ်ထရီပျက်စီးမှုလွယ်ကြောင်း သိရပါသည်။

No comments:

Post a Comment