မြန်မာ့တေးထုတ်လုပ်ဖြန့်ချီရေးလောကမှာ
တစ်ချိန်က ပြင်းပြင်းထန်ထန်ကြုံခဲ့ရသည့် ခိုးကူးခွေများ အန္တရာယ်သည် လျော့ပါးသွားခြင်းကြောင့်
တစ်ကျော့ပြန်ကောင်းမွန်လာပြီဖြစ်ပါသည်။ ၎င်းသည် တေးသံရှင်များနှင့် တေးထုတ်လုပ်ဖြန့်ချိရေးလုပ်ငန်းများ၏
အာရုံစိုက်မှုကြောင့်ဖြစ်သကဲ့သို့ တေးချစ် ပရိသတ်များ၏ မှန်မှန်ကန်ကန် အားပေးမှုများကြောင့်လည်း
ဖြစ်ပါသည်။ ၎င်းအခြေအနေမျိုးရောက်ရန် တေးသံရှင်များက ရန်ကုန်၊ မန္တလေးနှင့် တစ်ချို့မြို့ကြီးများတွင်
ကိုယ်တိုင်လက်မှတ်ရေးထိုးခြင်းမျိုးလို အရောင်းမြှင့်တင်ပွဲတွေကလည်း အဓိက အခန်းကဏ္ဍက
ပါဝင်ပါသည်။ သို့သော် တေးသံရှင် အသစ်များအတွက် စိတ်ရှည်ရခြင်းမျိုးလိုအပ်ကြောင်း တေးထုတ်လုပ်ဖြန့်ချိရေးလုပ်ငန်းတစ်ခုမှ
ပြောပါသည်။ တေးသံရှင်အသစ်များအတွက် တေးသီချင်းခွေ ရောင်းအားသည် ထွက်ရှိပြီး ပထမဆုံးလများမှာ
နာမည်ရတေးသံရှင်များ၏ ကာလတူရောင်းအား (၁၀)ရာခိုင်နှုန်းလောက်ပဲ ရှိတတ်သည်ဟု ပြောပါသည်။
တစ်ချို့နာမည်ရတေးသံရှင်များ၏ တေးသီချင်းခွေများဆိုရင် ထွက်ရှိပြီး နှစ်အတော်ကြာသည်အထိ
ရောင်းအားရှိနေသေးကြောင်း သိရပါသည်။ ၎င်းအခြေအနေမျိုးဆိုရင် မူပိုင်ခွင့်ရှိသူကို အကျိုးအမြတ်များ
စေပါသည်။ လက်ရှိ တေးထုတ်လုပ်ဖြန့်ချိရေးမှာက
တေးသံရှင်များက မူပိုင်ခွင့်ကို ယူထားခြင်းမျိုးရှိသလို တေးထုတ်လုပ်ရေးလုပ်ငန်းက
အားလုံးကို တာဝန်ယူ စီစဉ်ဆောင်ရွက်ပြီး မူပိုင်ခွင့်ကိုပါ ယူထားခြင်းမျိုးလည်း ရှိပါသည်။
လက်ရှိတေးထုတ်လုပ်ရေးအများစုက ထုတ်လုပ်ရေးထက် ဖြန့်ချိရေးကိုသာ ပိုမိုအာရုံစိုက် လာကြသည်ဟု
သိရပါသည်။ မကြာသေးသည့်ကာလက အွန်လိုင်းကတစ်ဆင့် တေးသီချင်း ရောင်းချခြင်းမျိုးကိုလည်း
ကြိုးစားလာခြင်း တွေ့ရပါသည်။ ပျှမ်းမျှအားဖြင့် တစ်လကို တေးသီချင်း ခွေသစ်(၃၀)ခန့်
ထွက်ရှိလာလေ့ရှိကြောင်း သိရပါသည်။
No comments:
Post a Comment