Wednesday, February 18, 2015

တပ်တော်စစ်ကြောင်းများနှင့်ကိုးကန့်သောင်းကျန်းသူအဖွဲ့စစ်ကြောင်းများဆက်လက်ဖြစ်ပွား

လာက်ကိုင်ဒေသလုံခြုံရေး၊ တည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် တပ်မတော်အနေဖြင့် အင်အားဖြည့်တင်း၍ နယ်မြေရှင်းလင်းခြင်းများ ဆောင်ရွက်လျက်ရှိရာကိုးကန့်သောင်းကျန်းသူအင်အားစုများနှင့်ဆက်လက်တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။
ဖေဖော်ဝါရီ ၁၇ ရက် ညပိုင်းတွင် ကိုးကန့်သောင်းကျန်းသူအင်အား ၂ဝဝ ခန့်သည် ပါစင်ကျော်ကျေးရွာအနီးတပ်ရင်းဌာနချုပ်သို့ ပတ်ဝန်းကျင်နေရာလေးနေရာခန့်မှ ဖြန့်ခွဲ၍ လက်နက်ကြီး/ လက်နက်ငယ်များဖြင့် လာရောက်နှောင့်ယှက်ပစ်ခတ်သဖြင့် ပြန်လည်ခုခံတိုက်ခိုက်ခဲ့ရာ ပြန်လည် ဆုတ်ခွာသွားခဲ့သည်။ အလားတူဖေဖော်ဝါရီ ၁၇ ရက် ညပိုင်းမှ ယနေ့ နံနက်ပိုင်းအထိလောက်ကိုင်တပ်နယ်ရှိတပ်ရင်းတပ်ဖွဲ့များအားအဝေးမှ လက်နက် ကြီး/ လက်နက်ငယ်များဖြင့် လာရောက်နှောင့်ယှက်ပစ်ခတ်၍ တပ် မတော်စစ်ကြောင်းများက ပြန်လည် ပစ်ခတ်တိုက်ခိုက်ခဲ့ရာကိုးကန့် သောင်းကျန်းသူများ ပြန်လည် ဆုတ်ခွာသွားခဲ့သည်။ ထို့အပြင် သံလွင်အနောက်ခြမ်းနယ်မြေမှ လောက်ကိုင်ဒေသသို့ အဓိကဆက်သွယ်ရေးလမ်းကြောင်းများဖြစ်သောသိန်းနီ- နမ့်ဆလပ်- ကွမ်းလုံလမ်း၊ ကွတ်ခိုင်-တာမိုးညဲ-မုံးစီး-တာပါးလမ်းနှင့် ကွတ်ခိုင်-မူဆယ်-ကြူကုတ်-မုံးကိုး- တာကျိုင်းလမ်းတို့၌ လောက်ကိုင်ဒေသသို့ သွားရောက်မည့် တပ်မတော် စစ်ကြောင်းများစစ်ကူနှင့်အုပ်ချုပ်မှုကိစ္စရပ်များအခက်အခဲဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် မိုင်းဆွဲတိုက်ခိုက် ခြင်း၊ ချုံခိုနှောင့်ယှက် တိုက်ခိုက်ခြင်းများကိုကိုးကန့်သောင်းကျန်းသူများအပြင် KIA၊ TNLA နှင့် SSA (ဝမ်ဟိုင်း) လက်နက်ကိုင်အဖွဲ့များပါ ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့သည်။ ထိုသို့ ဆောင်ရွက်ရာတွင် သောင်းကျန်းသူအဖွဲ့များအနေဖြင့် ဖေဖော်ဝါရီ ၁၅ ရက်မှ ယနေ့အထိကျောက်မဲနှင့် သီပေါကြား၌ SSA (ဝမ်ဟိုင်း)မှ တစ်ကြိမ်၊ လားရှိုးနှင့် သိန်းနီကြား၌ SSA (ဝမ်ဟိုင်း) မှတစ်ကြိမ်၊ သိန်းနီနှင့် ကြူကုတ်ကြား ၌ KIA နှင့် TNLA အဖွဲ့တို့ကသုံးကြိမ်၊ ကွတ်ခိုင်နှင့်မုံးစီးကြားတွင် KIA အဖွဲ့ မှနှစ်ကြိမ်၊ မုံးစီးနှင့်တာပါး ကြား၌ KIA အဖွဲ့မှ တစ်ကြိမ်၊ ချင်းရွှေဟော်နှင့် ပါစင်ကျော်ကြား ၌ ကိုးကန့်သောင်းကျန်းသူအဖွဲ့ကလေးကြိမ်၊ အလစ်အငိုက် နှောင့်ယှက် တိုက်ခိုက်ခြင်း၊ အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခြင်းများဆောင် ရွက်ခဲ့သည်။ (၁၈၂-၂၀၁၅)ရက်နေ့ လည်းမွန်းလွဲ ၁ နာရီခန့်တွင် ချင်းရွှေဟော်မှ လောက်ကိုင် သို့ အင်အားဖြည့်တင်းရန် ချီတက် လျက်ရှိသောတပ်မတော်စစ်ကြောင်းကိုကိုးကန့်သောင်းကျန်းသူတို့မှ ပါစင်ကျော်တစ်ဝိုက်၌ စောင့်ကြို ၍ နှောင့်ယှက်တိုက်ခိုက်လာသဖြင့် တပ်မတော်စစ်ကြောင်းက ပြန်လည် တိုက်ခိုက်ရှင်းလင်းလျက်ရှိသည်။ ဖေဖော်ဝါရီ ၁၅ ရက်မှ ယနေ့ထိတပ်မတော်မှ စစ်သည်သုံးဦးအသက် ပေးလှူခဲ့၍ အရာရှိတစ်ဦးနှင့် စစ်သည် ၂၆ ဦးတို့ ဒဏ်ရာရရှိကာဒေသခံပြည်သူနှစ်ဦးသေဆုံးပြီးခြောက်ဦးဒဏ်ရာရရှိခဲ့၍ ဒဏ်ရာရရှိသူများကိုလားရှိုး၊ ပြင်ဦးလွင် တပ်မတော်ဆေးရုံများသို့ ပို့ဆောင်၍ ဆေးကုသမှုများဆောင်ရွက်ပေးလျက်ရှိသည်။
တပ်မတော်အနေဖြင့် လောက် ကိုင်နယ်မြေအတွင်းလုံခြုံမှုရရှိကာတည်ငြိမ်အေးချမ်းသည်အထိလိုအပ် သောအင်အားကိုအသုံးပြု၍ တိုက် ခိုက်ရှင်းလင်းသွားမည်ဖြစ်ကြောင်းသတင်းရရှိသည်။


No comments:

Post a Comment