Monday, February 16, 2015

လားရှိုးမြို့ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဦးစီးဌာနမှ ပြောင်းရွေ့ပြည်သူများအတွက် လူသားချင်းကိုယ်ချင်းစာနာမှု အကူအညီများပေးအပ်ပွဲ


လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဦးစီးဌာနမှ နယ်မြေလုံခြုံရေး အခြေအနေကြောင့် ပြောင်းရွှေ့ပြည်သူများ အတွက် လူသားချင်း ကိုယ်ချင်းစာနာမှု အကူအညီများ ပေးအပ်ပွဲ အခမ်းအနားအား ဖေဖော်ဝါရီလ ၁၆ရက် မွန်းလွဲပိုင်းတွင် လားရှိုးမြို့၊ အထက(၁)ကျောင်း၌ ကျင်းပရာ ပညာရေး ဝန်ထမ်းများ အတွက် ဆန်ရိက္ခာဖိုး (၁)လစာ (၃၅.၁)သိန်း၊ ယာဉ်တိမ်းမှောက်မှုကြောင့် သေဆုံးသူ(၉)ဦး အတွက် ကျပ်(၉)သိန်း၊ စုစုပေါင်း (၄၄.၁) သိန်းကျပ်ကို လားရှိုးခရိုင် ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဦးစီးဌာနမှူး ဦးကျော်ကျော်ထွန်းမှ သက်ဆိုင်သူများထံ ပေးအပ် ထောက်ပံ့ခဲ့ကြောင်း သိရပါသည်။

No comments:

Post a Comment