ထုတ်ကုန်သွင်းကုန်လုပ်ငန်းရှင်များအနေနှင့် မှတ်ပုံတင်သက်တမ်းတိုးရန် နောက်ကျခြင်းများအတွက်
ဒဏ်ကြေးကောက် ခံမှုကို လာမည့် ဘဏ္ဍာနှစ်မှစပြီး ပယ်ဖျက်သွားမည်ဖြစ်ကြောင်း သိရပါသည်။ စီးပွားရေးနှင့်
ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ကုန်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနကနေ ထုတ်ပြန်ထားခြင်း
ဖြစ်ပါသည်။ ကုန်သွယ်မှုလုပ်ကိုင်ရေး အတွက် ဆောက်ရွက်ရသည့် သွင်းကုန်ထုတ်ကုန်လုပ်ငန်းရှင်
မှတ်ပုံတင်အတွက် သတ်မှတ်သက်တမ်းပြည့်ပြီး သက်တမ်းတိုး နောက်ကျရင် ဒဏ်ကြေးကောက်ခံရန်အတွက်
အရင်က သတ်မှတ်ထားကြောင်း သိရပါသည်။ ယခုချိန်တွင် စီးပွားရေး ဆိုင်ရာ မူဝါဒတွေပြောင်းလဲမှုများအရ
ကုန်သွယ်ရေးလုပ်ငန်းများ ပိုမြန်လာစေရန်အတွက် ဒဏ်ကြေးကောက်ခံမှုကို ၂၀၁၅ ခုနှစ် ဧပြီလ
၁ ရက်နေမှစပြီး ပယ်ဖျက်သွားမည်ဖြစ်ကြောင်း သိရပါသည်။
No comments:
Post a Comment