Monday, February 16, 2015

နိုင်ငံတော်သမ္မတဦးသိန်းစိန် ပြင်ဦးလွင်တပ်နယ်ဆေးရုံတွင် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် တပ်မတော်အရာရှိ စစ်သည်များနှင့် မိသားစုဝင်များအား တွေ့ဆုံအားပေး


ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဖေဖော်ဝါရီလ ၁၆ရက် နေလယ်ပိုင်းတွင် နေပြည်တော်မှ တပ်မတော်အထူးလေယာဉ်ဖြင့် ထွက်ခွာလာရာ မန္တလေးတိုင်းဒေသကြီး အနီးစခန်းလေဆိပ်သို့ ရောက်ရှိသည်။ ထို့နောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် လတ်တလောကလအတွင်း   နိုင်ငံတော်အတွက် ရဲဝံ့စွန့်စားစွာ တိုက်ပွဲဝင်ကာကွယ်ခဲ့ရာမှ ထိခိုက်ဒဏ်ရာရရှိခဲ့သည့် တပ်မတော်အရာရှိ စစ်သည်များနှင့် မိသားစုဝင်များအား ပြင်ဦးလွင်တပ်နယ် တပ်မတော်ဆေးရုံတွင် သွားရောက်တွေ့ဆုံပါသည်။

No comments:

Post a Comment