ဒိန်းမတ်ရဲ တပ်ဖွဲ့ဝင်သည် ကိုပင်ဟေဂင်တွင် လူတစ်ဦးကို ပစ်သတ်ခဲ့ပြီး၊ အဆိုပါနေရာသည် အစောပိုင်းက သေနတ်နှင့် တိုက်ခိုက်မှုကြောင့် လူ၂ဦးသေဆုံးပြီး ရဲတပ်ဖွဲ့ဝင် ၅ဦးဒဏ်ရာ ရခဲ့ရာနေရာ အနီးတွင်ပဲ ဖြစ်ပါသည်။ အဆိုပါ တိုက်ခိုက်မှုသည် ဆွီဒင်အနုပညာရှင် လားစ်ဗခ်စ်ပိုင်ဆိုင်သည့် ကော်ဖီဆိုင်ကို ဦးတည်တိုက်ခိုက် ခဲ့တာဖြစ်ပြီး၊ အကြောင်းက ဂျူးဘုရားကျောင်း တစ်ခုနှင့် အငြင်းပွားဖွယ် ကာတွန်းပုံများကြောင့် ပဲဖြစ်ပါသည်။ ပထမ တိုက်ခိုက်မှုတွင် လူတစ်ဦး သေဆုံးခဲ့ပြီး၊ နောက်တစ်ဦးက ဂျူးဘုရားကျောင်း အနီးတိုက်ခိုက်မှုတွင် သေဆုံးခဲ့ရပါသည်။ အခုသေဆုံးခဲ့သည့် အမျိုးသားသည် တိုက်ခိုက်မှု နှစ်ခုလုံးကို လုပ်ခဲ့သူလို့ ယုံကြည်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါသည်။ အဆိုပါတိုက်ခိုက်မှု ဖြစ်စဉ်၂ခုစလုံးက တိုက်ခိုက်သူတွေကို ရှာဖွေရန်အတွက် ရဟတ်ယာဉ်များ၊ သံချပ်ကာ ယာဉ်များဖြင့် အမြဲလိုငြိမ်းချမ်းနေ ခဲ့သည့်မြို့တွင် ဆူညံသွားခဲ့သည်ထိ အနှံ့အပြား ရှာဖွေမှုတွေ လုပ်ခဲ့ရပါသည်။ ပြီးခဲ့သည့် ဇန်နဝါရီလကလည်း ပြင်သစ်နိုင်ငံ ပဲရစ်မြို့ရှိ သတင်းစာတိုက်ရုံးကို အခုလို တိုက်ခိုက်မှုကို ပြုလုပ်ခဲ့ပြီး ဒါဟာ အကြမ်းဖက် တိုက်ခိုက်မှုသာ ဖြစ်ကြောင်း ပထမ တိုက်ခိုက်မှု ဖြစ်ပွားသည့် စနေနေ့တွင် ဒိန်းမတ် ဝန်ကြီးချုပ်က ပြောကြားခဲ့သည်ဟု သိရှိရပါသည်။
Sunday, February 15, 2015
ကိုပင်ဟေဂင်မြို့တွင် ပစ်ခတ်မှုဖြစ်ပွား

Subscribe to:
Post Comments (Atom)
No comments:
Post a Comment