Saturday, February 21, 2015

နေပြည်တော်ကောင်စီဝင် ဦးမျိုးညွန့် ကတ္တရာလမ်းသစ်ဖွင့်ပွဲနှင့် စာကြည့်တိုက်ဖွင့်ပွဲတက်ရောက်



နေပြည်တော်ကောင်စီနယ်မြေ၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ်၊ သပြေကုန်းရပ်ကွက် ကံ့ကော်လမ်းနှင့် ကံ့ကော် (၁၊၂၊၃၊၄၊၅)လမ်း ကတ္တရာလမ်းသစ် ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီလ (၂၁)ရက်နေ့ မနက်ပိုင်းက အဆိုပါလမ်းရှိ မင်္ဂလာနေရာ၌ ကျင်းပရာ နေပြည်တော်စည်ပင်သာယာရေးကော်မတီညွှန်ကြားရေးမှူး (အင်ဂျင်နီယာ) ဦးအောင်မိုးက ဇမ္ဗူသီရိမြို့နယ်၊ သပြေကုန်းရပ်ကွက် ကံ့ကော်လမ်းနှင့် ကံ့ကော် (၁၊၂၊၃၊၄၊၅)လမ်း ကတ္တရာလမ်းသစ်များနှင့် ပတ်သက်၍ ဆောင်ရွက်ထားရှိမှုများအား ရှင်းလင်းတင်ပြပြီး ရပ်မိရပ်ဖတစ်ဦးဖြစ်သူ ဦးကျော်ရွေးကကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

No comments:

Post a Comment