Saturday, February 21, 2015

Child 44 ရုပ်ရှင်

Child 44 ရုပ်ရှင်ဇာတ်ကားကို အမေရိကန်ပြည်ထောင်စုရှိ ရုပ်ရှင်ရုံများတွင် ဧပြီလ (၁၇) ရက်နေ့တွင် စတင်ရုံတင်ပြသမှာ ဖြစ်ကြောင်း သိရပါသည်။ ဆိုဗီယက်ပြည်ထောင်စုတွင် စတာလင်အုပ်စိုးစဉ်က MBG ဟုခေါ်သည့် နိုင်ငံ၏လုံခြုံရေး အဖွဲ့အစည်းတစ်ခုရှိပါသည်။ ထိုအဖွဲ့အစည်းတွင် တာဝန်ထမ်းဆောင်နေသည့် အေးဂျင့် လီယို ဒီမီဒိုဗ်က ထူးဆန်းစွာပျောက်ဆုံးနေသည့် ကလေးများကို လိုက်လံရှာဖွေရရန် တာဝန်ပေးအပ်ခံရပါသည်။ ထိုနောက်တွင် ကလေးများသည် ရက်စက်စွာသတ်ဖြတ်ခံရခြင်းကို သိရှိသွားပြီး ထိုဖြစ်ရပ်များကို ရပ်တန့်ရန်ကြိုးစားခဲ့သည့်အကြောင်းကို စိတ်ဝင်စားဖွယ် ရိုက်ကူးတင်ဆက်ထားခြင်း ဖြစ်ပါသည်။ ထိုဇာတ်လမ်းကို ဒါရိုက်တာ ဒန်နီယယ် အပီဆိုနာက ရိုက်ကူးတင်ဆက်ထားပြီး သရုပ်ဆောင်များဖြစ်သည့် တွမ် ဟာဒီ၊ နာအိုမီ ရက်ပီစ်၊ ဂရေးအိုမန် တို့အပြင် တခြား သရုပ်ဆောင်များစွာ ပါဝင်သရုပ်ဆောင်ထားပါသည်။ ထိုဇာတ်ကားကုန်ကျစရိတ်က အမေရိကန်ဒေါ်လာ သန်း (၅၀) အသုံးပြုထား ပါသည်။ ထိုဇာတ်ကားကို Lionsgate ကုမ္ပဏီက ဖြန့်ချိထားကြောင်း သိရပါသည်။

No comments:

Post a Comment