Thursday, February 12, 2015

Cinderella ရုပ်ရှင်

Cinderella ရုပ်ရှင်ဇာတ်ကားကို အမေရိကန်ပြည်ထောင်စုရှိ ရုပ်ရှင်ရုံများတွင် မတ်လ (၃၁) ရက်နေ့တွင် စတင်ရုံတင်ပြသမှာ ဖြစ်ကြောင်း သိရပါသည်။ စင်ဒရဲလားဟုခေါ်သည့် ငယ်ရွယ်သည့်မိန်းမပျိုလေး၏ မိခင်ကွယ်လွန်သွားပြီးနောက် ဖခင်ဖြစ်သူက နောက်အိမ်ထောင်ပြုလိုက်ပါသည်။ မိထွေးတွင် အရင်အိမ်ထောင်နှင့် ရခဲ့သည့်  သမီးနှစ်ယောက်ပါလာပြီး စင်ဒရဲလားတို့ အိမ်တွင်နေထိုင်ကြပါသည်။ ထိုနောက် မိထွေးနှင့် သမီးနှစ်ယောက်က စင်ဒရဲလားကို နှိပ်စက်ပုံ၊ ဖိနှိပ်ချုပ်ခြယ်ပုံတို့ကို တက်ဆက်ထားသည့် ဇာတ်လမ်းဖြစ်ပါသည်။ ထိုဇာတ်ကားကို ဒါရိုက်တာ ကတ်နက် ဘရာနာက ရိုက်ကူးထားခြင်းဖြစ်ပြီး သရုပ်ဆောင်များဖြစ်ကြသည့် ကိတ်ဘလန်ချန်၊ လစ်လီဂျိန်း၊ ရစ်ချက်မတ်ဒန်၊ ဟောလဒေး ဂရိန်ဂျာတို့အပြင် တခြားသရုပ်ဆောင်များစွာ ပါဝင်ထားခြင်း ဖြစ်ပါသည်။ ထိုဇာတ်ကားကို Walt Disney ကုမ္ပဏီက ထုတ်လုပ်ဖြန့်ချိထားကြောင်း သိရှိရပါသည်။ 

No comments:

Post a Comment