Thursday, February 19, 2015

Furious 7 ဇာတ်ကား



Furious 7 ဇာတ်ကားကို အမေရိကန်ပြည်ထောင်စုတွင်ရှိ ရုပ်ရှင်ရုံများတွင်  ဧပြီလ(၃)၇က်နေ့တွင် စတင်ပြသသွားမည်ဖြစ်သည်။ ၎င်းဇာတ်ကားသည် အရင်ထွက်ရှိခဲ့သည့် Fast and Furious ဇာတ်ကားများ၏ နောက်ဆက်တွဲ ဇာတ်ကားဖြစ်ပါသည်။ ဇာတ်ဆောင် ဒိုမနစ်နှင့် အိုကော်နာတို့သည် ရဲအရာရှိနှင့် သဘောတူထားသည့် လုပ်ငန်းတာဝန် ပြီးသည့်နောက် အမေရိကန်ပြည်ထောင်စုက မိသားစုနေအိမ်တွင် ပြန်လည်နေထိုင်ကြပါသည်။ သို့သော် သူတို့၏ ရန်သူရှော၏ ညီအစ်ကို သေဆုံးရမှုအတွက်  ဒိုမနှစ်တို့ကို လက်စားပြန်ချေသည့် ဇာတ်လမ်းဖြစ်ပါသည်။ ၎င်းဇာတ်ကားကို ဒါရိုက်တာ ဂျိမ်းဝမ်က ရိုက်ကူးတင်ဆက်ထားခြင်းဖြစ်ပြီး သရုပ်ဆောင်များဖြစ်ကြသည့် ဗန်ဒီဇယ်၊ ပေါလ်ဝေါကာ၊ မီရှယ်ရိုဒရီဂွက်စ်၊ ဂျေဆင်စတန်ဒန် စသည့်သရုပ်ဆောင်များအပြင် တခြားသရုပ်ဆောင်များလည်း ပါဝင်သရုပ်ဆောင်ထားခြင်း ဖြစ်ပါသည်။ ဇာတ်ကားကုန်ကျစရိတ်အနေနှင့် အမေရိကန်ဒေါ်လာသန်း ၂၅၀ ကျော် သုံးစွဲထားပြီး Universal Picture မှဖြန့်ချိမည် ဖြစ်ပါသည်။

No comments:

Post a Comment