Saturday, February 14, 2015

Insurgent ရုပ်ရှင်

Insurgent ရုပ်ရှင်ဇာတ်ကားကို အမေရိကန်ပြည်ထောင်စုရှိ ရုပ်ရှင်ရုံများတွင် မတ်လ (၂၀) ရက်နေ့တွင် စတင်ရုံတင်ပြသမှာ ဖြစ်ကြောင်း သိရပါသည်။ ထိုဇာတ်ကားသည် အရင်ထွက်ရှိခဲ့သည့် Divergent ဇာတ်ကား၏ နောက်ဆက်တွဲ ဇာတ်ကားဖြစ်ပါသည်။ ဘဲထရစ် ပီရာက သူနေထိုင်သည့် အုပ်စုမှ ခွဲထွက်လာခဲ့ပြီးနောက် သူ့ကို လိုက်ရှာပြီးလုပ်ကြံရန် ကြိုစားသည့် တပ်သားများကို ပြန်လည်နှိမ်နှင်းရန် ဖြစ်လာပါသည်။ ထိုနောက် ဘဲထရစ်နှင့် အတူ ပူးပေါင်းလာသည့်သူတွေရှိပြီး ရန်သူများကို ခြေမှုန်းတာကို စိတ်ဝင်စားဖွယ်တင်ဆက်ထားခြင်းဖြစ်ပါသည်။ ထိုဇာတ်ကားကို ဒါရိုက်တာ ရောဘတ် ရွှမ်ကီ ကရိုက်ကူးထားခြင်းဖြစ်ပြီး သရုပ်ဆောင်များဖြစ်ကြသည့် ရှလိန်း ဝုဒ်လီ၊ သီအို ဂျိမ်း၊ အောက်တေးဗီးယား စပန်ဆာ၊ ဂျေးကော့နေး တို့အပြင် တခြားသရုပ်ဆောင်များစွာ ပါဝင်ထားပါသည်။ ထိုဇာတ်ကားကို Lionsgate ကုမ္ပဏီက ထုတ်လုပ်ဖြန့်ချိထားကြောင်း သိရပါသည်။ 

No comments:

Post a Comment