Tuesday, February 24, 2015

အမျိုးသားဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ် ပွဲစဉ်များအား MRTV Entertainment Channel နှင့် မြန်မာ့အသံရေဒီယိုတို့မှ တိုက်ရိုက်ထုတ်လွှင့်မည်



၂၀၁၅ ခုနှစ် စတုတ္ထအကြိမ် အမျိုးသားအားကစားပွဲတော် အမျိုးသားဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ် ပွဲစဉ်များအား ဖေဖော်ဝါရီလ (၂၅)ရက်နေ့တွင် နေပြည်တော်ရှိ ၀ဏ္ဏသိဒ္ဓိ အားကစားကွင်းမှာ ကျင်းပမှဖြစ်ပါသည်။ မွန်းလွဲသုံးနာရီတွင် ယှဉ်ပြိုင်ကစားမည့် ကရင်ပြည်နယ်အသင်းနှင့် ချင်းပြည်နယ်အသင်း၏ ဆီမီးဖိုင်နယ်ပွဲစဉ်အား မွန်းလွဲ (၂း၄၅)မိနစ်အချိန်တွင် လည်းကောင်း၊ ညနေ (၅)နာရီခွဲတွင် ယှဉ်ပြိုင်ကစားမည့် မန္တလေးတိုင်းဒေသကြီးအသင်းနှင့် ပဲခူးတိုင်းဒေသကြီးအသင်းတို့၏ ဆီမီးဖိုင်နယ်ပွဲစဉ်အား ညနေ(၅း၁၅)မိနစ်အချိန်တွင် လည်းကောင်း MRTV Entertainment Channel နှင့် မြန်မာ့အသံရေဒီယို အစီအစဉ်တို့မှ တိုက်ရိုက်ထုတ်လွှင့်မှာဖြစ်ကြောင်း မိဘပြည်သူများအား လေးစားစွာတင်ပြအပ်ပါသည်။

No comments:

Post a Comment