မြန်မာနိုင်ငံမှာ
ဆောင်ရွက်လျက်ရှိသော ဒေသန္တရ အုပ်ချုပ်မှုရေးရာ ဆိုင်ရာ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းများကို
ရှင်းလင်းတင်ပြ သုံးသပ်မှု ပြုလုပ်နိုင်ရန် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များအား
လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်ရာမှာ အထောက်အကူပြု စေရေးအတွက် အာဆီယံနိုင်များ အခြားနိုင်ငံများ၏
အတွေ့အကြုံများအား သင်ယူလေ့လာ မျှဝေသွားရန်၊ မြန်မာနိုင်ငံရှိ ဒေသန္တရ အစိုးရ၏ အနာဂတ်
အခန်းကဏ္ဍ တာဝန်များနှင့် ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးမှု လုပ်ငန်းစဉ်များအား အကူအညီပေးနိုင်ရန်
ဖွံ့ဖြိုးဆဲနိုင်ငံများအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုအပါအ၀င် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ
ပုံစံများ၊ နည်းလမ်းများဖော်ထုတ်ရေးအတွက် စတင်ဆောင်ရွက်နိုင်စေမည့် အချက်အလက်များဖြည့်ဆည်းပေးရန်
စသည့် ရည်ရွယ်ချက်များနှင့် ကျင်းပပြုလုပ်ခဲ့သည့် ပြည်ထဲရေးဝန်ကြီးဌာနနှင့် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်
(UNDP)တို့ ပူးပေါင်း၍ Myanmar Good Governance Forum ကို ဖေဖော်ဝါရီလ(၂၄)ရက်နေ့ နံနက်(၇)နာရီခွဲတွင်
မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟို(၂)၌ ကျင်းပခဲ့ပါသည်။
No comments:
Post a Comment