Tuesday, February 24, 2015

UAE-စစ်လက်နက် ပစ္စည်းပြပွဲတွင် လူလိုက်ပါခြင်းမရှိသည့် လက်နက်များ လူကြိုက်များလျက်ရှိ



လူလိုက်ပါခြင်းမရှိသော ကိုင်တွယ်မှုစနစ်များကို အခြေခံထားသော အဆင့်မြင့် နည်းပညာသုံး လက်နက်များနှင့် ပတ်သက်ပြီး ကျင်းပလျက်ရှိသော  အာရပ်စော်ဘွားများ နိုင်ငံ မြို့တော် အဘူဒါဘီရှိ (၁၂)ကြိမ်မြောက် နိုင်ငံတကာ ကာကွယ်ရေးပြပွဲနှင့် ညီလာခံတွင် စိတ်ဝင်စားစရာများအနက်က တစ်ခု ဖြစ်ခဲ့ပါသည်။ ကုမ္ပဏီအများစုက လူလိုက်ပါခြင်းမရှိသော စနစ်များကို အကြိုက်တွေ့နေကြပြီး မြေပြင်အတွက်ဆိုရင် (UGV)၊ လေကြောင်းအတွက်ဆိုရင် (UAV)နှင့် ပင်လယ်ပြင်ထဲအတွက်ဆိုရင် (UUV)ကို သုံးစွဲရတွင် ဖြစ်ပါသည်။ မိုင်းရှင်းလင်းရေးအတွက် အထူးပြသခဲ့ကာ ခရိုအေးရှားက ထုတ်သည့် လူလိုက်ပါခြင်းမရှိသောယာဉ်ဖြစ်ပြီး ဒီ(DOK-ING)ကို အဝေးထိန်းခလုတ်နှင့် ထိန်းချုပ်ရတာ ဖြစ်ပါသည်။ အဆိုပါယာဉ်ကို အခုလက်ရှိတွင် အာဖဂန်နစ်စတန်နှင့် အီရတ်စစ်ပွဲများတွင် သုံးစွဲနေပါသည်။ အီလက်ထရွန်းနစ်ခေတ်တွင် သတင်းအချက်အလက်များက ပိုလို့ပိုလို့ အရေးကြီးလာနေတာမို့ အကျိုးရှိထိရောက်သော စစ်သတင်းများရရှိရန်အတွက် တစ်ချို့ အခြေအနေတွေတွင် လူလိုက်ပါခြင်းမရှိသောယာဉ်များသည် အထူးပဲလိုအပ်လာခဲ့ပါသည်။ (၁၉၉၃)ခုနှစ်က စတင်ခဲ့သည့် ကာကွယ်ရေးပြပွဲသည် နောက်ဆုံးပေါ် စစ်လက်နက်များကို ပြသလျက်ရှိသည့်အပြင် အရှေ့အလယ်ပိုင်းတွင် အကြီးကျယ်ဆုံးသော စစ်လက်နက်ပစ္စည်းပြပွဲတစ်ရပ်လည်း ဖြစ်ကာလူသိများ ထင်ရှားပါသည်။ ပြပွဲကို တနင်္ဂနွေနေ့ကမှ စတင်ဖွင့်လှစ်ခဲ့ပြီး (၅)ရက်ကြာ ကျင်းပမှာဖြစ်ကာကမ္ဘာ့နိုင်ငံနှင့် ဒေသပေါင်း (၅၀)မှ လက်နက် ထုတ်လုပ်သော ကုမ္ပဏီကြီးများ လာရောက်ပြသလျက်ရှိကြောင်း သိရှိရပါသည်။

No comments:

Post a Comment