Saturday, March 7, 2015

မက္ကဆီကိုရှိ တောင်တက်သမားများ လူ(၂)ဦး၏ အလောင်းများဟု ယူဆရသည့် ရုပ်ကြွင်းမမ်မီများကို တွေ့ရှိ

မက္ကဆီကိုရှိ တောင်တက်သမားများသည် (၁၉၅၉)ခုနှစ်ကတည်းက ပျောက်ဆုံးသွားခဲ့သည့် လူ(၂)ဦး၏ အလောင်းများဟု ယူဆရသည့် ရုပ်ကြွင်းမမ်မီများကို တွေ့ရှိခဲ့ကြောင်း သိရပါသည်။ ရေခဲနေသည့် ၄င်းရုပ်ြွကင်း(၂)ခုကို ပီကိုဒီ-အိုရီဇဘာ တောင်ထိပ်မှာ ပြီးခဲ့သည့်သီတင်းပတ်က တွေ့ရှိခဲ့တာဖြစ်ပြီး ပြန်လည်သယ်ယူဖို့တော့ ခက်ခဲမှာဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့ပါသည်။ မီးတောင်ထိပ်ဝအနီးရှိ ၄င်းနေရာမှာ အန္တရာယ်ရှိသည့် အငွေ့များ ပျံ့လွင့်နေတာကြောင့် ရုပ်အလောင်းများ သယ်ယူရန် ကြိုးပမ်းမှုကို ခေတ္တရပ်ဆိုင်း ထားရပါသည်။ ရုပ်အလောင်းများကို တောင်အောက်သို့ သယ်ယူပြီးပါက ၄င်းတို့၏ အသက်နှင့် ဘယ်သူဘယ်ဝါ ဖြစ်ကြောင်းကို ခန့်မှန်းနိုင်ဖို့ စစ်ဆေးမှုများ ပြုလုပ်သွားမှာ ဖြစ်ကြောင်း သိရှိရပါသည်။


No comments:

Post a Comment