အားကစားဝန်ကြီးဌာန
အနေနဲ့ ၂၀၁၅ ခုနှစ် ဇွန်လမှာ စင်ကာပူနိုင်ငံမှာ ကျင်းပမည့် (၂၈)ကြိမ်မြောက် အားကစားပြိုင်ပွဲမှာ
အောင်မြင်မှုများ ဆက်လက် ရရှိစေရေးအတွက် ကြိုတင်ပြင်ဆင်သည့် အနေနဲ့ မြန်မာ့အားကစား အဖွဲ့များအား
ပြည်တွင်းပြိုင်ပွဲများ ပြုလုပ်ပြီး ယှဉ်ပြိုင်စေခဲ့ကြသလို ပြည်ပနိုင်ငံများသို့ စေလွှတ်ယှဉ်ပြိုင်
လျက်ရှိသည်။ မတ်လ (၃)ရက်နေ့ မနက် (၁၀)နာရီ၌ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ ဒုတိယဥက္ကဌ
အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသောင်းထိုက်သည် အားကစားဝန်ကြီးဌာန အစည်းအဝေးခန်းမတွင်
ပြည်ပနိုင်ငံများသို့ သွားရောက်မည့် မြန်မာအားကစား အဖွဲ့ဝင်များအား တွေ့ဆုံခဲ့သည်။
No comments:
Post a Comment