ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊
လောက်ကိုင်မြို့နှင့် ကုန်းကြမ်းမြို့နယ်မြေများတွင် နိုင်ငံတော်လုံခြုံရေး အတွက် တိုက်ပွဲဝင်ခဲ့ကြပြီး
အသက်နှင့် ကိုယ်လက်အဂါင်္များစွန့်လွှတ်ခဲ့ကြသည့် စစ်သည်များနှင့်ရဲမေများအား ဂုဏ်ပြုသောအားဖြင့်
ကူညီထောက်ပံ့နိုင်ရေး ရန်ပုံငွေဖျော်ဖြေပွဲအဖြစ် ယဉ်ကျေးမှုဝန်ကြီးဌာနက စီစဉ်ကြီးကြပ်မှုဖြင့်
(၆-၃-၂၀၁၅) ရက်နေ့တွင် အနုပညာဦးစီးဌာန အငြိမ့်၊ နန်းဝင်ဇာတ်အဖွဲ့က ပြဇာတ်ဖြင့် စွမ်းဇာနည်ဇာက်အကအဖွဲ့က
နှစ်ပါးသွားဖြင့်လည်းကောင်း၊ (၇-၃-၂၀၁၅)ရက်နေ့တွင် အလင်္ကာဝတ်ရည် အနုပညာအဖွဲ့ အဆို၊ အက၊
အတီးများဖြင့်လည်းကောင်းနေ့စဉ် ညနေ(၆း၃၀) နာရီအချိန် အမျိုးသားဇာတ်ရုံ (ရန်ကုန်)တွင်
တင်ဆက်ပြသဖျော်ဖြေကြမည်ဖြစ်ပြီး အဆိုပါပဒေသာကပွဲအတွက် လက်မှတ်များအား ရန်ကုန်မြို့၊
မြို့မကျောင်းလမ်းရှိ အမျိုးသားကဇာတ်ရုံ၊ ပြည်လမ်းရှိ အမျိုးသားပြတိုက်၊ ကမ္ဘာအေးစေတီဘုရား
လမ်းရှိ ချင်းချောင်းရိပ်သာနှင့်၊ ဗဟန်းမြို့နယ် ရေခဲဆိုင်မှတ်တိုင် အနီးရှိ ပန်းချီ၊
ပန်းပုပြခန်းများတွင်(၁-၃-၂၀၁၅) ရက်နေ့မှစ၍ ရုံးချိန်အတွင်း ဖွင့်လှစ်ရောင်းချလျက်ရှိပြီး
နှုန်းထားများမှာ(၁၅၀၀၀)ကျပ်၊ (၁၀၀၀၀)ကျပ်၊ (၅၀၀၀)ကျပ်၊ တို့ဖြစ်ပါကြောင်းနှင့် အများပြည်သူများအနေဖြင့်
တက်ရောက်အားပေးချီးမြှင့် နိုင်ပါကြောင်း အသိပေး ဖိတ်ကြားထားပါသည်။
No comments:
Post a Comment