လောက်ကိုင်ဒေသလုံခြုံရေး၊ တည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက်
တပ်မတော်စစ်ကြောင်းများက နယ်မြေရှင်းလင်းခြင်းများ ကို ဆောင်ရွက်လျက် ရှိရာ
ယနေ့ညနေပိုင်းတွင် နယ်နိမိတ်မှတ်တိုင် အမှတ် ၁၁၈ အနီးရှိ ပွိုင့်-၁၇၈၉
တောင်ကုန်းအား တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။ တာရွှေထန်မှ မီတာ(၃၀၀၀)ခန့်နှင့်
နှစ်နိုင်ငံနယ်နမိတ်မျဉ်းမှ မီတာ(၆၀၀၀)ခန့် အကွာအဝေး တွင်ရှိသော ကြွယ်ပါးရွာအနီး
တောင်ကုန်းများတွင် အခြေပြု၍ အခိုင်အမာခံစစ်ယူထားသော ကိုးကန့်သောင်းကျန်းသူ
အင်အားစုများအား တပ်မတော်စစ်ကြောင်းများက ယနေ့နံနက်ပိုင်းမှ စတင်၍ ခြေလျင်အကူပစ်
လက်နက်ကြီးများကို ဟန်ချက်ညီ စနစ်တကျအသုံးပြုကာ တရစပ် ထိုးစစ်ဆင်
တိုက်ခိုက်ချေမှုန်းခဲ့ရာ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။ တပ်မတော်၏
ဟန်ချက်ညီသော ပြင်းထန်သည့် ထိုးစစ်အဟုန်ကြောင့် သောင်းကျန်းသူများ အနေဖြင့်
ကြာရှည်စွာခုခံတိုက်ခိုက်နိုင်ခြင်းမရှိဘဲ ဆုတ်ခွာလျက်ရှိရာ ကြွယ်ပါး ရွာ
အနီးတစ်ဝိုက်တောင်ကုန်းများအား အဆင့်ဆင့်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး
ညနေပိုင်းတွင် နယ်နိမိတ်မှတ်တိုင်အမှတ်၊ ၁၁၈ နှင့် မီတာ (၁၅၀၀)ခန့်အကွာ ရှိ
၎င်းဒေသတစ်ဝိုက်အား စိုးမိုးထားသည့် စစ်ဗျူဟာအရ အရေးကြီးသော ပွိုင့်- ၁၇၈၉
တောင်ကုန်းအား သိမ်းပိုက်ရရှိခဲ့သည်။ ကိုးကန့်သောင်းကျန်းသူများအနေဖြင့်
နယ်နိမိတ်မှတ်တိုင် အမှတ်၊ ၁၁၈ ဘက် သို့ ဆုတ်ခွာထွက်ပြေးလျက်ရှိပြီး
တပ်မတော်စစ်ကြောင်းများက လိုက်လံ ရှင်းလင်း လျက်ရှိသည်။ မတ်လ(၂)ရက်နေ့ တိုက်ပွဲဖြစ်ပွားသော
ပွိုင့်-၁၇၈၉ တောင်တုန်းတစ်ဝိုက် သည် တောတောင် ထူထပ်၍ ခံစစ်ဆင်သူ အတွက်
အခြေအနေဖန်တီးနိုင် ခွင့်ရှိပြီး မြေအနေအထားအရ အရေးသာသော်လည်း တပ်မတော်၏ စနစ်
တကျစုဖွဲ့ကာ ခြေလျင်အကူ လက်နက်ကြီးများဖြင့် ဟန်ချက်ညီ ထိုးစစ်ဆင် မှုကြောင့် သာ
ခက်ခဲမှုကြားမှ အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ အထက်ပါဖြစ်စဉ်တွင်
ကိုးကန့်သောင်းကျန်းသူများထံမှ အလောင်း ၅ လောင်း၊ လက်နက်ငယ်မျိုးစုံ ၇ လက်
သိမ်းဆည်းရရှိခဲ့ပြီး တပ်မတော်မှ စစ်သည် ၃ ဦး နိုင်ငံတော်အတွက် အသက်ပေးလှူခဲ့၍
အရာရှိ/စစ်သည် ၁၂ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့သည်။ ထိခိုက်ဒဏ်ရာရရှိခဲ့သော
အရာရှိ/စစ်သည်များ အား ဆေးကုသမှုခံယူနိုင်ရေး တပ်မတော်ဆေးရုံများသို့ ပို့ဆောင်လျက်
ရှိကြောင်း သတင်းရရှိသည်။
No comments:
Post a Comment