ကချင်နှစ်ခြင်း
ခရစ်ယာန် ဓမ္မကောလိပ်အဖြစ်မှ တက္ကသိုလ်အဖြစ်သို့ အဆင့်တိုးမြှင့် ဖွင့်လှစ်ခြင်း၊ ပင်မဆောင်သစ်
အနုမောဒနာ ဆုတောင်းစည်းဝေးပွဲနှင့် (၆၅)ကြိမ်မြောက် ခရစ်ယာန် ဓမ္မတက္ကသိုလ် ဘွဲ့နှင်းသဘင်
အခမ်းအနားပွဲတော်ကို မတ်လ(၅)ရက်နေ့မှ မတ်လ(၇)ရက်နေ့အထိ ကချင်ပြည်နယ် မြစ်ကြီးနားမြို့
နောင်နန်းကျေးရွာရှိ အဆိုပါ ကချင်နှစ်ခြင်း ခရစ်ယာန် ဓမ္မကောလိပ် ကျောင်းဝင်းမှာ ကျင်းပရာ
ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်း တက်ရောက်ကြည့်ရှု အားပေးပြီး ကချင်ပြည်နယ်
အစိုးရအဖွဲ့မှ လှူဒါန်းငွေကျပ် သိန်း (၂၀)အား ကချင်နှစ်ခြင်း ခရစ်ယာန် အဖွဲ့ချုပ်၏
ခရစ်ယာန်ဓမ္မ ကောလိပ်ကျောင်းအုပ်ကြီး သိက္ခာတော်ရ ဆရာတော် ဝလော်ဒိုင်ခေါင် ထံသို့ လည်းကောင်း၊
အလှူရှင်များမှ ပေးအပ်လှူဒါန်းငွေများအား ခရစ်ယာန် ဓမ္မကောလိပ် တာဝန်ရှိသူများထံသို့
လည်းကောင်း လှူဒါန်းခဲ့ပါသည်။ ဆက်လက်ပြီး ပွဲခင်းအတွင်း ပြင်ဆင်ထားမှုအား လည်းကောင်း၊
အေဒီ(၂၀ဝ၀) ဟောခန်းမသို့ လည်းကောင်း၊ ပွဲဖြစ်မြောက်ရေး ကော်မတီ၏ ဧည့်ကြိုဆောင် ခန်းမသို့
လည်းကောင်း ကြည့်ရှုအားပေးခဲ့ကြောင်း သိရှိရပါသည်။
No comments:
Post a Comment