Wednesday, March 11, 2015

လွိုင်ကော်မြို့ ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေး အသိပညာပေး ဆင့်ပွားသင်တန်း ဖွင့်ပွဲ အခမ်းအနား ကျင်းပ

(၂၀၁၅) ခုနှစ်၊ ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေး အသိပညာပေး ဆင့်ပွားသင်တန်း ဖွင့်ပွဲ အခမ်းအနားကို မတ်လ (၉) ရက်နေ့ မွန်းလွဲပိုင်းတွင် လွိုင်ကော် ဒု - ခရိုင် ရဲတပ်ဖွဲ့ရုံးမှာ ကျင်းပပါသည်။ သင်တန်းကာလ (၅) ရက် အတွင်းမှာ ရဲဘော်များအနေဖြင့် ကြုံတွေ့ရမည့် (၂၀၁၅) ခုနှစ် ရွေးကောက်ပွဲနှင့် ပတ်သက်၍ လုံခြုံရေးပိုင်း ကျိုးပေါက်မှု မရှိစေဘဲ အောင်အောင်မြင်မြင် ထမ်းဆောင်သွားနိုင်ရန် စနစ်တကျ လေ့ကျင့် သင်ကြားပေးမှာ ဖြစ်သည့်အတွက် သင်တန်းက ပို့ချသည့် သင်ခန်းစာ ဘာသာရပ်များကို အခြေခံပြီး (၂၀၁၅) ရွေးကောက်ပွဲမှာ မိမိတို့ တာဝန်ထမ်းဆောင်ရမည့် မဲဆန္ဒနယ် အသီးသီးမှာ လက်တွေ့ကျကျ အကျိုးရှိရှိ ဆောင်ရွက် သွားကြစေရန် ဒု - ခရိုင် ရဲတပ်ဖွဲ့မှူး ရဲမှူးမြသင်းက အဖွင့်အမှာစကား ပြောကြားရာမှာ ထည့်သွင်း ပြောကြားခဲ့ပါသည်။


No comments:

Post a Comment