Tuesday, March 3, 2015

ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ဂေါပကအဖွဲ့၏ သြ၀ါဒါစရိယ ဆရာတော်ကြီးများထံမှ သြ၀ါဒခံယူပွဲ ကျင်းပ

ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ဂေါပကအဖွဲ့၏ သြဝါဒါစရိယ ဆရာတော်ကြီး များထံမှ ဒသမ အကြိမ်သြဝါဒခံယူပွဲ အခမ်းအနားကို ယနေ့ညနေ ၄ နာရီ တွင် နေပြည်တော် ဥပ္ပါတသန္တိ စေတီတော်မြတ်ကြီး ပရိဝဏ်အတွင်းရှိ သာသနာ့ မဟာဗိမာန်တော်၌ ကျင်းပသည်။ အခမ်းအနားသို့ စေတီတော်ဂေါပကအဖွဲ့၏ သြဝါဒါစရိယ ဆရာတော်ကြီးများ ကြွရောက် ချီးမြှင့် တော်မူကြပြီး စေတီတော်ဂေါပကအဖွဲ့၏ နာယက အဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး ဦးသိန်းညွန့်၊ ဦးစိုးဝင်း၊ ဒုတိယရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင် ဦးသန်းဌေး၊ စေတီတော် ဂေါပက အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်သြ၀ါဒခံယူကြသည်။ ရှေးဦးစွာ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ဂေါပကအဖွဲ့၏ သြဝါဒါစရိယ ဆရာတော် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက မန္တလေးမြို့ ဗန်းမော်ကျောင်းတိုက် ဆရာတော် ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသထံမှ ဧည့်ပရိသတ်များ က ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်၊ သံဃာတော်များ ရွတ်ပွား သရဇ္ဈာယ်တော်မူ သော ပရိတ်တရားတော်များကို နာယူကြသည်။

No comments:

Post a Comment