Monday, March 2, 2015

စစ်တွေပွိုင့် အပန်းဖြေစခန်းအား အဆင့်မြှင့်တင် တည်ဆောက်ရန်နှင့် မြို့တော်ခန်းမ ဆောက်လုပ်ရန် ပိန္နက်တိုင်များ စိုက်ထူခြင်း အခမ်းအနားကျင်းပ

စစ်တွေပွိုင့် အပန်းဖြေစခန်းအား နိုင်ငံတကာအဆင့်မီ အဆင့်မြှင့်တင် တည်ဆောက်ရန်နှင့် မြို့တော်ခန်းမ အဆောက်အဦး ဆောက်လုပ်ရန် ပိန္နက်တိုင်များ စိုက်ထူခြင်း အခမ်းအနားကို မတ်လ (၁)ရက်နေ့ မနက် (၈)နာရီတွင် ကျင်းပပါသည်။ အခမ်းအနားမှာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းမှ အမှာစကား ပြောကြားရာတွင် ပြည်တွင်း ပြည်ပ ခရီးသွားများနှင့် ဒေသခံပြည်သူများ စိတ်ချမ်းမြေ့ သာယာကြည်နှုးစွာ အပန်းဖြေ အနားယူနိုင်ရန် နိုင်ငံတကာအဆင့်မီ အဆင့်မြှင့်တင်မည့် လုပ်ငန်းအခြေအနေများ၊ အဆင့်မြှင့်တင်မည့် စီမံချက်ပါ လုပ်ငန်းကဏ္ဍရပ် အသီးသီးကို သတ်မှတ်ကာလအတွင်း အချိန်မီ ပြီးစီးရေးနှင့် အရည်အသွေး စံချိန်စံညွှန်း ပြည့်မီစွာ ဆောင်ရွက်သွားရေး ကိစ္စရပ်များ ပြောကြားခဲ့ပါသည်။ ပွိုင့်ကမ်းခြေ စီမံကိန်း ဆိုင်ရာများကို ပြည်နယ်ဝန်ကြီးချုပ်မှ ရှင်းလင်းပြောကြားပါသည်။


No comments:

Post a Comment