Tuesday, March 10, 2015

ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၉)မြို့နယ်မှ မြို့နယ်ဦးစီးမှူးများ နှင့် ဝန်ထမ်းများအားတွေ့ဆုံ

သမဝါယမဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းသည် မတ်လ(၁၀)ရက်နေ့ နံနက်ပိုင်းတွင် သမဝါယမ တက္ကသိုလ် (သန်လျင်) ဥတ္တရခန်းမတွင်လည်းကောင်း၊ သန်လျင်မြို့နယ် ကုလားဝဲကျေးရွာ အခြေခံပညာ အလယ်တန်း ကျောင်းခွဲတွင်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင်အတွင်းရှိ မြို့နယ်(၉)မြို့နယ်မှ မြို့နယ် ဦးစီးမှူးများနှင့် ဝန်ထမ်းများ၊ မြို့နယ်အသင်းစုချုပ် ဥက္ကဋ္ဌများနှင့် အမှုဆောင်များ၊ အခြေခံအသင်း အသီးသီးမှ အသင်းသားတို့နှင့် တွေ့ဆုံခဲ့ပါသည်။ 

No comments:

Post a Comment