Thursday, March 5, 2015

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ဂိုဏ်းပေါင်းစုံတိုင်းသံဃနာယကအဖွဲ့ ၏ ရန်ကုန်မြို့သို့ဦးတည်ချီတက်ရန်ပြင်ဆင်နေသည့် အနာဂတ် မြန်မာ့ မျိုးဆက်သစ် ကျောင်းသား/ကျောင်းသူများသို့ မေတ္တာရပ်ခံချက်

၁။         စည်းလုံးတည်ငြိမ် ညီညွှတ်မှု ရှိပြီးဖွံ့ဖြိုးတိုးတက်သော မြန်မာနိုင်ငံ ဖြစ်ထွန်းပေါ်ပေါက်စေရေးအတွက် ရှေးရှုကြိုးပမ်းဆောင်ရွက်ကြရာတွင် ကောင်းမွန် ဆီလျော်သည့် ပညာရေးဥပဒေများ ပြဌာန်းနိုင်ရေးသည် အရေးးပါသောအခန်းကဏ္ဍတွင် ရှိနေပါသည်။ လက်ရှိကာလတွင် (၃၀-၉-၂၀၁၄) ရက်နေ့က ပြဌာန်းခဲ့သောအမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် ပြည်ထောင်စုလွှတ်တော်တို့တွင် ဆွေးနွေး အတည်ပြုရန် ပြင်ဆင်ဆောင်ရွက်နေကြသည်တို့ကိုတွေ့ရှိရပါသည်။
၂။         အဆိုပါ အခြေအနေမျိုး ဖြစ်ပေါ်လာရေးအတွက် စတင်လှုပ်ရှားဆောင်ရွက်ခဲ့သောဒီမိုကရေစီပညာရေးလှုပ်ရှားမှုဦးဆောင် ကော်မတီနှင့် ကျောင်းသားအစုအဖွဲ့များ၏ အခန်းကဏ္ဍကိုလည်းကောင်းမွန်စွာအသိအမှတ် ပြုပါသည်။
၃။         ယခုအခါ အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား နိုင်ငံရေးပါတီများနှင့် စိတ်ပါဝင်စားသောအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ National Network for Education Reform (NNER)နှင့် ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီမှ ကိုယ်စားလှယ်များကိုပါ ဖိတ်ခေါ်၍ လွှတ်တော် အသီးသီးတွင် တွေ့ဆုံညှိနှိုင်းဆွေးနွေးတော့မည်ဖြစ်ရာ -
(က)      ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့မှ ရန်ကုန်တိုင်းဒေသကြီ၊ ရန်ကုန်မြို့သို့ ဦးတည်ချီတက်ဝင်ရောက်ရန် ပြင်ဆင်နေသောကျောင်းသားအစုအဖွဲ့အနေဖြင့် ဖြစ်စေလိုသည့် အခြေအနေများ ငြိမ်းချမ်းအောင်မြင်မှု ပြည့်ဝစွာရရှိရေး၊
(ခ)        တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုမည့် ညီငယ်၊ ညီမငယ် ကျောင်းသား/ကျောင်းသူများအေးချမ်းစွာစာမေးပွဲဖြေဆိုနိုင်ရေး၊

(ဂ)        ပြည်သူများအကြားတည်ငြိမ်အေးချမ်းမှု ပျက်ပြားမည်လောဟူသောစိုးရိမ်သောကများမရှိစေရေးတို့အတွက် ရန်ကုန်မြို့သို့ ဝင်ရောက်ရန် ကြိုးပမ်းမှု မပြုဘဲမိမိတို့၏ မိဘရင်ခွင်သို့ ပြန်လည်ဝင်ရောက်ခိုလှုံပြီးပေါ်ထွက်လာမည့် ရလာဒ်ကောင်းများအားစောင်းကြည့်ကြသင့်ပါကြောင်းလေးလေးနက်နက် မေတ္တာရပ်ခံအပ်ပါသည်။

No comments:

Post a Comment