ပြည်ထောင်စုသမ္မတ
မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဥာဏ်ထွန်းသည် မတ်လ (၇)ရက် မနက်ပိုင်းတွင် မင်းပြားမြို့သို့
ရောက်ရှိပြီး ပေါက်တော- မင်းပြားလမ်း မိုင်တိုင်အမှတ် (၆)မိုင် (၃)ဖာလုံရှိ စွန်ရဲတံတားနှင့်
မိုင်တိုင်အမှတ် (၅)မိုင် (၄)ဖာလုံရှိ ဆင်ခုံတိုင်တံတား ဖွင့်ပွဲများသို့ တက်ရောက်သည်။
အဆိုပါ တံတားဖွင့်ပွဲများသို့ ဒုတိယသမ္မတနှင့်အတူ
ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း၊ ဦးစိုးသိန်း၊ ဒေါက်တာသန်းအောင်၊
ဦးကျော်လွင်၊ ပြည်နယ် ဝန်ကြီးချုပ် ဦးမောင်မောင်အုန်း၊ ဒုတိယ ဝန်ကြီး များ၊ ပြည်နယ်
အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ် လွှတ်တော် ကိုယ်စား လှယ်များ၊ ဌာနဆိုင်ရာများ၊
မြို့မိမြို့ဖများ၊ ဒေသ ခံပြည် သူများ၊ ကျောင်း သား ကျောင်းသူများ၊ အသင်းအဖွဲ့အသီးသီးမှ
ကိုယ်စားလှယ်များ၊ ဖိတ်ကြား ထားသော ဧည့်သည်တော်များနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။
No comments:
Post a Comment