ဈေးကွက်စီးပွားရေးစနစ်ကို
ပြောင်းလဲကျင့်သုံးလိုက်သည့် မြန်မာနိုင်ငံအပေါ်တွင် ပြည်ပနိုင်ငံများမှ စီးပွားရေးလုပ်ငန်းရှင်များစွာက
စိတ်ဝင်စားမှုမြင့်တက်လာနေပြီး ၎င်းနိုင်ငံများထဲတွင် ဂျပန်နိုင်ငံလည်း ပါဝင်နေကြောင်း
သိရပါသည်။ မြန်မာ-ဂျပန် သံတမန်ဆက်ဆံရေးသည် ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလတွင် နှစ်ပေါင်း
(၆၀) ပြည့်ခဲ့ပြီဖြစ်ကြောင်း သိရပါသည်။ ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံသို့ ရင်းနှီးမြှုပ်နှံမှုကို
၁၉၈၈-၈၉ ခုနှစ်မှ ၂၀ဝ၀-၂၀ဝ၁ ခုနှစ်အတွင်း (၂၀၈.၉၂၁)သန်း ခွင့်ပြုခဲ့ကြောင်း သိရပါသည်။
အစိုးရသစ်လက်ထက်ဖြစ်သည့် ၂၀၁၀-၂၀၁၁ ဘဏ္ဍာရေးနှစ်တွင် အမေရိကန်ဒေါ်လာ (၇.၁၄)သန်း၊ ၂၀၁၁-၂၀၁၂
ဘဏ္ဍာရေးနှစ်တွင် (၄.၃၁၈)သန်း၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် (၅၁.ဝ၆၃)သန်း၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင်
(၅၅.၇၁၁)သန်းတို့ တိုးတက်ခွင့်ပြုပေးခဲ့ခြင်းကြောင့် ယခုဆိုရင် ရင်းနှီးမြှုပ်နှံမှုပေါင်း
အမေရိကန်ဒေါ်လာ (၃၈၇.၄၂၃)သန်းရှိလာပြီဖြစ်ကြောင်း သိရပါသည်။ ဂျပန်နိုင်ငံက မြန်မာနိုင်ငံတွင်
ကုန်ထုတ်လုပ်မှုကဏ္ဍ၊ ဟိုတယ်နှင့်ခရီးသွားလာရေးကဏ္ဍများတွင် အများဆုံး ရင်းနှီးမြှုပ်နှံထားကြောင်း
သိရပါသည်။ နှစ်နိုင်ငံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းတွေကိုလည်း အဖွဲ့အစည်းအချင်းချင်း
တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ပြီး ချိတ်ဆက် ဆောင်ရွက်လျက်ရှိကြောင်း သိရပါသည်။ မြန်မာနိုင်ငံတွင်
လက်ရှိ အကောင်အထည်ဖော်နေသည့် သီလဝါအထူးစီးပွားရေးဇုန်နှင့် ထားဝယ်ရေနက်ဆိပ်ကမ်းများ
ပြီးစီးသွားပါက ဂျပန်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုပမာဏသည် ပိုမိုတိုးတက်လာရန်ရှိသည်ဟု
သိရပါသည်။
No comments:
Post a Comment