Thursday, March 5, 2015

လော့စ်အိန်ဂျလိစ့်ရှိဆီဒါစ်-ဆိုင်းနိုင်းဆေးကုသစင်တာမှလူနာ(၄)ဦး(စူပါဘက်ဂ်)ခေါ်ဘက်တီးရီးယားပိုးတစ်မျိုးကူးစက်ခံခဲ့ရ

အမေရိကန်ကာလီဖိုးနီးယားလော့စ်အိန်ဂျလိစ့်ရှိဆီဒါစ်-ဆိုင်းနိုင်းဆေးကုသစင်တာမှလူနာ(၄)ဦးဟာကိုယ်တွင်းအင်္ဂါများကိုကြည့်ရှုစစ်ဆေးဖို့လုပ်ရင်းက (စူပါဘက်ဂ်)ခေါ်ဘက်တီးရီးယားပိုးတစ်မျိုးကူးစက်ခံခဲ့ရပြီး၊၄င်းသည်ဆေးဝါးဒဏ်ခံနိုင်သောဘက်တီးရီးယားတစ်မျိုးလည်းဖြစ်ပါသည်။အဆိုပါဘက်တီးရီးယားကြောင့်မဟုတ်ပေမယ့်ရှိရင်းစွဲရောဂါနှင့်လူနာ(၄)ဦးထဲမှတစ်ဦးဟာသေဆုံးခဲ့ပြီးစူပါဘက်ဂ်ကြောင့်ဟုတ်မဟုတ်ဆိုတာလည်းအတိအကျမသိရသေးကြောင်းဆီဒါစ်-ဆိုင်းနိုင်းမှပြောကြားခဲ့ပါသည်။ယူစီအယ်လ်အေရော်နယ်လ်ရေဂင်ဆေးကုသစင်တာမှာလည်းလူနာပေါင်း (၁၇၉)ဦးမှာအဆိုပါဖြစ်စဉ်မျိုး (စီအာရ်အီး) ကူးစက်မှုကိုတွေ့ရကြောင်းသိရပါသည်။ထိုအထဲမှ (၇)ဦးမှာကူးစက်ခံခဲ့ရပြီး (၂)ဦးကတော့သေဆုံးခဲ့ပါသည်။ဆီဒါစ်-ဆိုင်းနိုင်းမှလူနာပေါင်း (၆၈)ဦးဟာ (၂၀၁၄)ဩဂုတ်မှ (၂၀၁၅)ခုနှစ်ဖေဖော်ဝါရီအတွင်းစက်တစ်ခုတည်းနှင့်စမ်းသပ်မှုပြုလုပ်ခဲ့ကြတာဖြစ်ကာယူစီအယ်လ်အေနှင့်လည်းချိတ်ဆက်မှုရှိတာကြောင့်စီအာရ်အီးပျံ့နှံ့မှုကို ဖြစ်စေခဲ့ပါသည်။ပုဂ္ဂလိကဆေးရုံဖြစ်သည့်ဆီဒါစ်-ဆိုင်းနိုင်းဟာလူနာ(၆၈)ဦးစလုံးသို့သတိပေးချက်များ ဖြန့်ဝေပေးခဲ့သလိုနေအိမ်သုံးစစ်ဆေးရေးကိရိယာတစ်စုံစီပေးပို့ခဲ့ကာစစ်ဆေးဖို့အတွက်ဆေးရုံသို့ ပြန်ပို့ပေးရမှာ ဖြစ်ပါသည်။ကိုယ်တွင်းအင်္ဂါများကိုဆေးကြောပေးသောစက်မှာသရက်ရွက်နှင့်သည်းခြေမှစစ်ထုတ်လိုက်သောအရည်များကိုပိတ်ဆို့စေသောအကျိတ်များ၊ကျောက်များနှင့်အခြားအခြေအနေများကိုရှင်းလင်းဖို့အတွက်အထူးပြုလုပ်ထားသောဒီဇိုင်းဖြစ်သော်လည်းအစားအစာနှင့်ဆေးဝါးစီမံခန့်ခွဲရေးကတော့ရောဂါစစ်ဆေးရေးနှင့်ပက်သက်ပြီးအထူးသတိထားဖို့သတိပေးချက်ထုတ်ပြန်ထားပါသည်။လက်ရှိအသုံးပြုနေသောစက်ကိုဖယ်ရှားပြီးနောက်ပိုးမဝင်ရောက်စေနိုင်သောနည်းများဖြင့်သာဆက်လက်ကုသပေးနေကြောင်းဆီဒါစ်-ဆိုင်းနိုင်းကပြောကြားခဲ့သည်ဟုသိရှိရပါသည်။

No comments:

Post a Comment